ဒေါက်တာ ဂျွန်ကလစ်ဖို့ တတိယအကြိမ် လာရောက်ဆွေးနွေး

ဒီနေ့ 25.1.2017 ညနေ ၅း၃၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ လာရောက်တွေ့ဆုံပါတယ်။
 စာရေးသူ ရေးခဲ့တဲ့ ထေရဝါဒတိုက်ပွဲနှင့် ပရိယတ္တိရွှေချိန်ခွင် စာအုပ်နှစ်အုပ်အကြောင်း အဓိကထား မေးလျှောက်သွားတာပါ။
စာရေးသူရဲ့ ငယ်ဘဝဖြစ်စဉ်တွေလည်း အနည်းအကျဉ်းပါပါတယ်။ စာအုပ်တစ်အုပ်ရေးနေတာ (၁)နှစ်ခွဲ ရှိပါပြီ။ နောက်ထပ် (၂)နှစ်နီးပါး လိုသေးတယ်လို့ ဆိုပါတယ်။ 
ဆန့်ကျင်ဘက်အမြင်ရှိသူတွေအကြောင်းလို့ ဆိုပါတယ်။ စာရေးသူရဲ့ အကြောင်းကိုတော့ ပြည်သူတွေကို အကာအကွယ်ပေးနေတဲ့ တောင်တန်းကြီးသဖွယ် တင်စားထားတယ်လို့ ဆိုပါတယ်။

ဒေါက်တာဂျွန်ကလစ်ဖို့ဟာ ဗုဒ္ဓဘာသာဝင် အမေရိကန်လူမျိုးပါ။ အမေရိကန်နိုင်ငံ မိန်းပြည်နယ် ဘော်ဒွန်ကောလိပ် ဘာသာရေးလူမှုဗေဒဌာန ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ အရင်ကလည်း နှစ်ကြိမ် လာရောက်မေးလျှောက်ဖူးပါတယ်။ ဗုဒ္ဓအဘိဓမ္မာကို အတော်စိတ်ဝင်စားသူပါ။


Share: