နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဖွဲ့စည်းပေးလိုက်သော နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် ၁၇/၂ဝ၁၁-က
၁။ မိုးပြာအရှင်ဉာဏကို အဓမ္မဝါဒီဟုလည်းကောင်း၊
၂။ ယင်းမိုးပြာအရှင်ဉာဏ၏ ပစ္စုပ္ပန်ကမ္မဝါဒကို အဓမ္မဝါဒဟုလည်းကောင်း၊
၁၅.၁၁.၂ဝ၁၁ နေ့၌ ဆုံးဖြတ်ချက်ချခဲ့ပါသည်၊
ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးရန်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ သာသနာရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပါသည်။ သာသနာရေးဝန်ကြီးဌာနကလည်း ၁၆.၁၂.၂ဝ၁၁-နေ့၌ အဆိုပါ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရန် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အဓမ္မဝါဒဆုံးဖြတ်ချက်ကိုလည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာချက်ကိုလည်း ကောင်း မှားယွင်းစွာ ဆုံးဖြတ်ချက်ချခြင်းနှင့် မှားယွင်းစွာ ကြေညာချက် ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ၆.၁.၂ဝ၁၇-ရက်စွဲဖြင့် သာဝကများကိုယ်စား ဦးနေဝင်း (မှတ်ပုံတင်အမှတ်-၉/ကပတ(နိုင်) ဝ၃၂ဝ၆၅)က ကြေညာချက် ထုတ်ပြန်ခဲ့ ပါသည်။
ထိုသို့ထုတ်ပြန်ခဲ့သဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအကြား သို့လော သို့လော တွေးတောစရာတွေ မြောက်များစွာ ပေါ်ပေါက်ခဲ့ရုံမက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးနှင့်တကွ သီးခြားဝိနိစ္ဆယခုံရုံးပေါ်မှာပင် အမြင်မှားစရာများဖြစ်ပေါ်ခဲ့ပါသည်။
ယခုလို အထင်မှားစရာတွေ ဖြစ်ပေါ်နေသည့်အချိန်မှာ မီးလောင်ရာလေပင့်ဆိုသလို ဧရာဝတီသတင်းဌာ website မှ အဓမ္မဝါဒီ အရှင်ဉာဏအား တွေ့ဆုံမေးမြန်းပြီး သူ၏ ဟောပြောချက်များကို ပြည်တွင်းပြည်ပသို့ ထုတ်လွှင့်နေခြင်းသည်-
၁။ ထေရဝါဒဗုဒ္ဓသာသနာ ညှိုးမှိန်ပျက်စီးစေရန်၊
၂။ ပစ္စုပ္ပန်ကမ္မဝါဒအမည်ခံ မိုးပြာအဓမ္မဝါဒ ပြန့်ပွားစေရန်၊
၃။ သံဃာ့အဖွဲ့အစည်းများအပေါ် အထင်သေးစေရန်၊
၎။ ဝိနိစ္ဆယအဖွဲ့အပေါ် အထင်မှားစေရန် ၊
၅။ နိုင်ငံတော်သံဃမဟာနယကအဖွဲ့၏ ၂၆.၁၂.၂ဝ၁၆-ရက်နေ့ထုတ် ကြေညာချက်ကို အရာမထင်စေရန်၊
၆။ သာသနာရေးဝန်ကြီးဌာနကိုလည်း သိက္ခာကျစေရန်၊ ပြုလုပ်နေသလိုဖြစ်သည်ဟု သုံးသပ်မိပါသည်။
ထို့ကြောင့် အဆိုပါ အဓမ္မဝါဒ ပြန့်ပွားစေရန် အားထုတ်လုပ်ကိုင်နေကြသော မိုးပြာဂိုဏ်းသားများနှင့် ဧရာဝတီ သတင်းဌာန website ၏ ထုတ်လွှင့်နေချက်များကို - ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့်၊ တာဝန်ရှိသူများက စနစ်တကျ ကိုင်တွယ်ဖြေရှင်း၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ပျက်စီးညှိုးမှိန်မည့်အရေးကို ကာကွယ်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာ ရဟန်းရှင်လူများကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရး (မဘသ) အဖွဲ့ကြီးမှ လေးလေးနက်နက် သဘောထားထုတ်ပြန်လိုက်သည်။
"ဦးဆောင်ဆရာတော်များ မဘသ(ဗဟို)"