
ပြာသိုလဆုတ် (၈)ရက်နေ့၊ 20.1.2017 ရက်နေ့၊ တနင်္သာရီတိုင်း မဘသ အဖွဲ့ရဲ့ တိုင်းလုံးဆိုင်ရာ သင်တန်းကြီးပါ။ ဒုတိယနေ့အဖြစ် ဆရာစိုးဝေနိုင်(မန္တလေး)က အချုပ်အခြာ အာဏာ၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ တစ်လင်တစ်မယားစနစ်ဆိုင်ရာ အမျိုးစောင့်ဥပဒေ ပို့ချပါတယ်။
ဘာသာရပ်တစ်ခုပြီးတိုင်း မေးခွန်းများဖြေကြားပြီး သင်တန်းသားများနှင့် အမြင်ချင်း ဖလှယ်ကြပါတယ်။ နေ့လည်ပိုင်းမှာ ဆရာခင်မောင်နှင်း(ကျောက်ပန်းတောင်း)က ယနေ့ဗုဒ္ဓဘာသာနှင့် ထွန်းတောက်ရေးအတွေး ခေါင်းစဉ်နဲ့ ပရိုဂျက်တာသုံးပြီး ဒေတာများ ပြသပါတယ်။
ညဦးပိုင်းမှာ ဆရာစိုးဝေနိုင်၊ ဆရာနေမျိုးဝေ၊ ဆရာခင်မောင်နှင်း နှင့် ဆရာတော်ဦးဝီရသူတို့က မေးခွန်းများ ဖြေဆိုပေးခြင်း၊ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ သတင်းဆော့ဝဲများ ဖြန့်ဝေခြင်းဖြင့် စိတ်ထဲစွဲအောင် ဟောပြောပြသပါတယ်။ ဒုတိယနေ့မှာတော့ အချိန်ပိုင်းသင်တန်းသားတွေ ပိုမိုများပြာလာလို့ ငါးရာတေငာ် ကျော်လွန်ခဲ့ပါတယ်။
