မေး ■■■ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုတာလည်း ပါသေးတယ်မဟုတ်လားဘုရား။
ဖြေ ■■■■■■ ဟုတ်တယ်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလို့ သူတို့ကပြောတယ်။ ဦး ဇင်းတို့လည်း ငြိမ်းချမ်းချင်တာပေါ့။ ကမ္ဘာမှာ ဘယ်သူတွေက အကြမ်းဖက် နေတာလဲ၊ ဘယ်သူတွေက ငြိမ်းချမ်း လဲ၊ ကမ္ဘာမှာဖြစ်နေတဲ့ သတင်းတွေ လူတိုင်းလည်း သိနေတာပဲ။
အဲတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးပါလို့ပြောပြီးတော့ တကယ်တမ်း မငြိမ်းချမ်းတဲ့အကြောင်းတရားတွေ အစ္စလာမ်မှာရှိနေတယ်လို့ သူတို့ကို ဦး ဇင်း ဆွေးနွေးတယ်၊ ပြောတယ်။ ကိုရမ်ကျမ်းမှာတော့ ဘယ်အပိုဒ်၊ ဘယ်အပိုဒ် က ဘာသာမတူ၊ လူမျိုးမတူတဲ့သူတွေ ကို တိုက်ရမယ်၊ တမန်တော်မိုဟာမက် ရဲ့ လမ်းစဉ်ကနေ သွေဖီတယ်တို့
ဒီလို အချက်တွေပေါ့။
ဦးဇင်းတို့က မငြိမ်းချမ်းတဲ့အကြောင်းတရားတွေကိုကျတော့ မေ့ထား၊ ကွက်ချန်ထားပြီး ငြိမ်းချမ်းပါတယ်၊ ငြိမ်းချမ်းပါတယ်ဆိုပြီး
ဟန်ပြလုပ်နေတယ်လို့ပဲ ယူဆတယ်။ သာကေတမှာလုပ်တဲ့ပွဲကို စီစဉ်ကျင်းပတဲ့ သူဟာ မွတ်ဆလင်တွေပဲ။ ဘာသာ ပေါင်းစုံလို့ အမည်ခံလိုက်တဲ့ ပွဲတိုင်းပွဲ တိုင်းလိုလိုဟာ မွတ်ဆလင်ကပဲ ဦး ဆောင်ပြီးတော့ လုပ်နေတာ။ ဒီပွဲဆိုရင် လည်း မွတ်ဆလင်ကနေ ဦးဆောင်ပြီး ကျင်းပတာ၊ ဆရာတော်တစ်ပါးနဲ့ ခရစ် ယာန်ရဲ ဟိန္ဒူရယ်ကို သူကိုယ်တိုင် ဖိတ်ကြားပေးရတာဆိုပြီး သူနဲ့ဖုန်းပြောတဲ့ Record တွေလည်း ဦးဇင်းဆီမှာ ရှိပါတယ်။
ဘာသာပေါင်းစုံလို့ပြောပြီး သူတို့ ကပဲ လုပ်တယ်။
တကယ်တမ်း ဒီနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ခဲ့တာ ရှိတယ်။ ဒီနေ့ဒီအချိန်ထိလည်း ဖြစ်နေတာတွေ ရှိတယ်။ အဲလို ကိစ္စတွေမှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးပါလို့ အ မည်ခံထားတဲ့ အဖွဲ့ကြီးအနေနဲ့ ဘာသာ ရေးနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခု၊ ပဋိပက္ခ တစ်ခုခုကို လာရောက်ပြီး ဖြေရှင်းညှိ နှိုင်းပေးတာမျိုး၊ ဖြေရှင်းဆောင်ရွက်ပေး တာမျိုး မတွေ့ဖူးပါဘူး။
အဲဒီ ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ် အောက်ကလူတွေ လာဖြေရှင်းပြီး ငြိမ်း ချမ်းသွားတာမျိုး ဒီနေ့ဒီအချိန်ထိ တစ်ခုမှ မရှိပါဘူး။

မေး ■■■ အရှင်ဘုရားတို့နဲ့ အမြင်မတူတဲ့ တခြားတစ်ဘက်ကလူတွေ ပြောနေတာကျတော့လည်း ဘာသာတရားတိုင်းက ငြိမ်းချမ်းဖို့အတွက်၊ ပိုကောင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုဆီ လမ်းညွှန်ဖို့အတွက်ပဲဆိုတဲ့ အသံတွေကြားရပြန်တယ် ဘုရား။ ဒီလို အမြင်မတူမှုတွေကျတော့ရော အရှင်ဘုရားအနေနဲ့ လက်ခံနိုင်လား။
ဖြေ ■■■■■■ ဦးဇင်းတို့မြန်မာနိုင်ငံမှာ ရှိတဲ့ ဘာသာတွေဟာ ငြိမ်းချမ်းရေးအတွက်လို့ပြောထားပြီး တကယ်ငြိမ်းချမ်းမှု/ရှိ မရှိဆိုတာ ပြန်ပြီး စစ်ကြည့်ဖို့လိုမယ် ထင်တယ်။ ဘာသာတစ်ခုတည်းကို ကွက်ပြီး စစ်ဆေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ ငြိမ်းချမ်းမှုကို ပျက် ပြားစေတဲ့ ဟောပြောမှု၊ သင်ကြားမှုတွေရှိတယ်ဆိုရင် ထောက်ပြပေါ့။ ခရစ် ယာန်မှာရှိရင်လည်း ခရစ်ယာန်၊ ဟိန္ဒူ မှာရှိရင်လည်း ဟိန္ဒူပေါ့။
အဲလိုပဲ အစ္စ လာမ်ဘာသာမှာ မငြိမ်းချမ်းတဲ့အ ကြောင်းတရား၊ သင်ကြားချက်တွေရှိ ရင်လည်း ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြီး ဖြုတ်လိုက်ပေါ့။ တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင် အရှိတရားအတိုင်း ချပြ၊ ပြောဆိုပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်လိုက်ကြပါလား။

မေး ■■■ မှန်ပါ့ဘုရား။ သာကေတပွဲ၊ ဗိုလ်တစ်ထောင် YMCA တမန်တော်နေ့ပွဲတွေနဲ့ ပတ်သက်ပြီး အရှင်ဘုရားတို့
ဝင်ရောက်နှောင့် ယှက်လို့ ပွဲပျက်ခဲ့ရတယ်။ မြန်မာမွတ်ဆလင်မီ ဒီယာရဲ့ ဖော်ပြချက်အရဆိုရင် အရှင်ဘုရားတို့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ဝင်တွေက
ဓာတ်ဆီတွေ ထပ်သွားယူဖို့ပြောတဲ့အသံတွေတောင် ကြားခဲ့ရတယ်လို့ ဆိုထားတယ်။ ဒီလိုဆိုတော့ သာကေတနဲ့ ဗိုလ်တစ်ထောင်မှာ အရှင်ဘုရားတို့ ကြောင့် ပြဿ နာတွေ၊ အဓိကရုဏ်းတွေ ဖြစ် သွားတာမျိုးရော ရှိသေးလား သိချင်ပါတယ်။

ဖြေ ■■■■■■ တမန်တော်နေ့ပွဲတွေ ကန့် ကွက်နေရတဲ့အကြောင်းရင်းက
ပြဿ နာဖြစ်အောင်၊ အဓိကရုဏ်းတွေ ဖြစ် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုံးဝမဟုတ်သလို ဦးဇင်းတို့အနေနဲ့ အကြမ်းဖက်ခဲ့တာမျိုး၊ အကြမ်းဖက်ဖို့ လှုံ့ဆော် ခဲ့တာမျိုးလည်း တစ်ခုမှ မရှိပါဘူး။
သာကေတမှာ သူတို့ပွဲလုပ်မယ်ဆိုတဲ့သတင်းကြားတော့
ဒီပွဲရဲ့ အားနည်းချက်တွေ၊ ပုံမှားရိုက်မှုတွေကို ဥပဒေဘောင် အတွင်းက ထောက်ပြပြီး ကန့်ကွက်ဖို့ အတွက် အစည်းအဝေးတစ်ရပ်လုပ်ပြီး သက်ဆိုင်ရာအစိုးရကို စာတင်ခဲ့တယ်။ ဒီပွဲကို ခွင့်ပြုမပေးဖို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က အောက်ခြေကနေ ခရိုင်အဆင့်ထိ စာတင်ခဲ့တယ်။
ဒါပေမဲ့ ဦးဇင်း တို့ကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ တရားဝင်အကြောင်းပြန်ကြားလာတာမျိုး တော့ မရှိခဲ့ဘူး။
ဒုတိယအကြိမ် အပြီးသတ်အ စည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့ မှာ ထပ်ထိုင်ခဲ့တယ်။ အဲဒီအစည်းအဝေး ကနေမှ ဘာသာပေါင်းစုံအမည်ခံပြီး
နိုင်ငံရေးအမြတ်ထုတ်နေတဲ့ ပွဲတွေကို ကန့် ကွက်မယ်ဆိုပြီး ဇန်နဝါရီလ ၆ ရက်နေ့ ကျတော့ အမျိုးသားရေးသမားတွေ အင်အား ၃ဝဝ လောက်နဲ့ သာကေတ ကို သွားခဲ့ကြတာပဲ။ အဲဒီလို သွားတဲ့အချိန်မှာ နဂိုကတည်းက ဆူပူဖို့၊ ရန်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်တော့ တုတ်ဓားလက်နက် ကိုင်ဆောင် မသွားရဘူးလို့ ညွှန်ကြားခဲ့ပြီးသားပါ။ ဦးဇင်းတို့မှာ ဘာလက်နက်မှလည်း ပါ မသွားပါဘူး။
ဒါပေမဲ့ သူတို့အခမ်းအ နား ဟောပြောပွဲမှာ မှားယွင်းတဲ့အချက်အလက်တွေ ပါလာခဲ့ရင် ထောက်ပြဖို့၊ တုံ့ပြန်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာ တမ်းနဲ့ ဗီနိုင်းတွေ ယူဆောင်လာတာ မျိုးတော့ ရှိတာပေါ့။
ဒါတွေကလည်း လိုအပ်မှပါ။
ဦးဇင်းတို့ရဲ့ ရည်ရွယ်ချက်က ရိုးရိုး ရှင်းရှင်းလေးပဲ။
ဒီပွဲကို သူတို့ကျင်းပ ဖြစ်တယ်ဆိုရင် ဘာသာပေါင်းစုံဆိုတဲ့ စကား ပါထားတဲ့အတွက် အဲဒီခေါင်း စဉ်အောက်ကနေ ဝင်တက်မယ်။
ငြိမ်းချမ်းရေးလို့ ပြောရင် မငြိမ်းချမ်းတဲ့အ ကြောင်းတရားတွေကို အချက်အလက် နဲ့ ထောက်ပြပြီး ဆွေးနွေးမယ်၊
'ချစ် ကြည်ရေး'လို့ပြောလိုက်တာနဲ့ တကယ် မချစ်ကြည်ဘဲနဲ့ အမုန်းစကားတွေပြော ခဲ့တဲ့အကြောင်း ဒီမှာရှိတယ်ဆိုပြီး ထောက်ပြမယ်။ သူတို့ကလည်း ဒီပွဲကို လုပ်ချင်လို့ တရားဝင်ခွင့်ပြုချက်တောင်း တယ်၊ ဦးဇင်းတို့ကလည်း ဒီပွဲကို ကန့် ကွက်ချင်လို့ တရားဝင် ကန့်ကွက်စာ တင်ခဲ့တယ်။ ခွင့်ပြုပေးခြင်း၊ မပေးခြင်း ကတော့ အစိုးရရဲ့ အလုပ်ပဲလေ။

မေး ■■■ မှန်ပါ့။ အဲလိုနဲ့ မလုပ်ဖြစ်တော့ဘဲ သာကေတ၊ တမန်တော်နေ့အခမ်းအနား ပျက် သွားတယ်ပေါ့ဘုရား။ ဗိုလ်တစ်ထောင် YMCA ပွဲကို နာရီဝက်နဲ့အဆုံးသတ်ခဲ့ရတဲ့အတွက်ရော
အရှင်ဘုရားတို့နဲ့ ဘယ်လိုဆက်စပ်မှုရှိခဲ့လဲဘုရား။

ဖြေ ■■■■■■ ဒီပွဲလည်း ဒီလိုပဲလေ။ ဦးဇင်းတို့က အကြမ်းဖက်ဖို့အတွက် အပ်တို တစ်ချောင်းတောင် ပါသွားတာမဟုတ်ဘူး။ ဗိုလ်တစ်ထောင်ကို ဇန်နဝါရီလ ၈ ရက်နေ့၊ ၁၂ နာရီခွဲလောက် အင် အား ၁ဝဝ လောက်နဲ့ ဦးဇင်းတို့ရောက် သွားတယ်။ ဟိုရောက်တော့ အကျိုးအ ကြောင်းပြောပြီး ဦးဇင်းတို့နဲ့ ဆွေးနွေး တဲ့အခါမှာ သူတို့ထဲက တစ်ယောက်က ဒီပွဲကို ကျွန်တော်တို့ မလုပ်တော့ဘူးလို့ ပြောတယ်။
'ဒကာကြီးတို့က ဒီပွဲကို လုပ်ချင်လို့မှ တင်ထားတာ။
ဦးဇင်းတို့ကလည်း မဖြစ်သင့်မဖြစ်ထိုက်တဲ့အကြောင်းတရား တွေ တွေ့လို့၊ မလုပ်စေချင်လို့ ကန့် ကွက်တာ။ ခွင့်ပြုခြင်း မပြုခြင်းဆိုတာ ကတော့ အစိုးရနဲ့သက်ဆိုင်တယ်။ လုပ်ခြင်းမလုပ်ခြင်းဆိုတာကတော့
ဒကာ ကြီးတို့နဲ့ သက်ဆိုင်တယ်၊ ဦးဇင်းတို့နဲ့ မသက်ဆိုင်ပါဘူး'လို့တောင် ဦးဇင်းက ပြန်ပြောခဲ့ပါသေးတယ်။
သူတို့ကို အ တင်းအဓမ္မ အနိုင်ကျင့်တာ၊ ဖိအားပေးတာ၊ အကြမ်းဖက်တာတွေ လုံးဝမရှိခဲ့ ပါဘူး။ နောက်မှ သူတို့ဘာသာသူတို့ နာရီဝက်လောက်ပဲ ကျင်းပပြီး ရုပ်သိမ်း သွားတာပါ။ ဦးဇင်းတို့ကတော့ ကိုယ် တာဝန်ယူနိုင်သလောက် စကားကိုပဲ ကိုယ်ပြောခဲ့တာဖြစ်တဲ့အတွက် မြန်မာ မွတ်ဆလင်မီဒီယာကလူတွေ ပြောနေ သလို အစွန်းရောက်တာမျိုး လုံးဝမရှိခဲ့ ပါဘူး။

(၂၀၁၇ ခု၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ထုတ်၊ အောင်ဇေယျတုဂျာနယ်၊ အမှတ်(၁၅၈)ပါ အင်တာဗျူး)။
မိုးအောင်လင်းနိုင် တွေ့ဆုံမေးမြန်းသည်