ပြည်သူ့ဘုရား ပြည်သူ့ရင်ပြင် ပြည်သူ့တရားပွဲ ပြည်သူ့အစိုးရ

ရန်ကုန်တိုင်းအစိုးရတရားပွဲ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တာ
နှစ်ဆန်း ၂ ရက်မှ ၆ ရက်အထိ
ငါးရက်တိုင်တိုင်ပါပဲ။
သီတဂူဆရာတော်ကြီး
ယောဆရာတော်ကြီး
ပါချု ပ်ဆရာတော်ကြီး
ရွှေပါရမီတောရဆရာတော်လေး
အင်းမဆရာတော်လေးတို့
ဟောကြားတော်မူတာပါ။
နေရာရွေးချယ်မှုကလည်း ကောင်း
ပရိသတ်အင်အားကလည်း ကောင်း
တရားတော်များကလည်း ကောင်း
ဓမ္မပူဇာများကလည်း အားကောင်းလို့
အစစ အရာရာပြည့်စုံတဲ့ တရားပွဲကြီးပါ။
ဘယ်ခေတ်ဘယ်အခါမှာမှ မရှိခဲ့ဖူးတဲ့ ဒီလို
အခမ်းအနားမျိုးကို အိုင်ဒီယာရတဲ့သူ
အကြံပေးတဲ့သူ စီစဉ်တဲ့သူအားလုံးဟာ
လေးစားထိုက်သူတွေချည်းပါပဲ။
ဝန်ကြီးချု ပ်ကိုယ်တိုင် ငါးညလုံးတရားနာတဲ့အပြင်
ဆရာတော် သံဃာတော်များကို ဂါရဝ နိဝါတအပြည့်အဝနဲ့ ဦးခိုက်ကြို ဆိုတာတွေ့ရလို့ မျက်စိတောင်မှားမိသလိုပါပဲ။
ဒီလိုပွဲမျိုး နိုင်ငံတစ်ဝန်းလုံး ကျင်းပနိုင်ပါစေလို့တောင်
ဆုတောင်းပေးနေမိတယ်။
အထူးသဖြင့် အစိုးရခေါင်းဆောင်တွေ
ဦးဖြိုးမင်းသိန်းလို ဆောင်ရွက်နိုင်ပါစေလို့
ဆုတောင်းပေးနေမိတာပါ။
ဒါမှ တရားသိကြမှာ
အမှားမရှိကြမှာ မဟုတ်လား?
အခုဆို ဦးဖြိုးမင်းသိန်းရင်ထဲ တရားတော်တွေ ကိန်းဝပ်နေရောပေါ့။
ဗုဒ္ဓရဲ့တရားတော်တွေဟာ နှလုံးစိတ်ဝမ်းအေးချမ်းမှုနဲ့ စိတ်ရင်းစေတနာကောင်းမွန်မှု
သဘောထားကြီးမြတ်မှုကို ဖော်ဆောင်တတ်လို့
ဦးဖြိုးမင်းသိန်းတစ်ယောက် အရိယာသူတော်စင်ကြီးလို အပြည့်အဝ မဟုတ်တောင် အထိုက်အလျောက်တော့
အသိတရားရှိနေလောက်ပြီလို့ ယူဆနိုင်ပါတယ်။
ဘာရည်ရွယ်ချက်နဲ့ ကျင်းပတယ်ဆိုတာ
မသိရပေမယ့်
အာပတ်ဖြေတဲ့သဘောလို့ အခြေခံအနေနဲ့ တွေးကြည့်လို့ရနိုင်ပါတယ်။
ဦးဖြိုးမင်းသိန်းပြစ်မှားတာခံခဲ့ရတဲ့
သံဃာတော်ကများပြားပြီး ဦးဖြိုးမင်းသိန်း
တောင်းပန်တာက ငါးပါးပဲရှိသေးတာဆိုတော့ ဘဲစားဘဲကြေ
ချေသလိုမျိုးတော့ အပြစ်မကြေနိုင်သေးပါဘူး။
ပြစ်မှားတဲ့ ဝစီကံရဲ့ ဆိုးကျိုးကတစ်ခြား
တရားပွဲကုသိုလ်ရဲ့ ကောင်းကျိုးကတစ်ခြား
ဆိုတော့ အဖြူ အမဲရောနေတဲ့ မိဿ ကကံရဲ့
အကျိုး အပြစ်က ဒွန်တွဲနေပါတယ်။
ဒါကြောင့် ပြစ်မှားထားသည်များကို
တောင်းပန်စေချင်တာပါ။
ရာခိုင်နှုံးပြည့် အဖြူကျိုးခံစားစေချင်လို့ပါ။
မဘသသံဃာတော်များနှင့်
အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ရဟန်းရှင်လူပြည်သူတွေဟာ ဦးဖြိုးမင်းသိန်းရဲ့ စကားတစ်ခွန်းကြောင့်
စိတ်နှလုံး ငြှိုးခြုံး ပူပန်ခဲ့ရတယ်ဆိုတာ
ဖျောက်ဖျက်လို့ရနိုင်တဲ့ သမိုင်းမျိုးတော့ မဟုတ်ခဲ့ဘူးဆိုတာ
သတိပြု မိစေချင်ပါတယ်။
ဒါကြောင့် ပြန်လည်ကုစားခြင်းခြင်းမျိုးနှင့်
ပြေပျောက်စေချင်တာပါ။
ဦးဖြိုးမင်းသိန်းစိတ်ထဲမှာ အတ္တ မာန စူးဝင်နေလို့ ပြန်လည်မတောင်းပန်နိုင်တောင်
အလားတူ အပြစ်မျိုးထပ်မံမကျူးလွန်မိစေဖို့နဲ့ ကွဲလွဲမှုရဲ့လိုအပ်ချက်ကို နားလည်ပေးဖို့
လောက်တော့ သတိပေးပါရစေ။
မဘသလိုအဖွဲ့ကြီးအပေါ် သဘောထားမကြီးနိုင်တောင်
EMG CEO ဒေါက်တာသန်းထွဋ်အောင်လောင်ကိုတော့
ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
NLD အပေါ် ကျေးဇူးများခဲ့တဲ့ ဒေါက်တာသန်းထွဋ်အောင်အမှုကို အပြီးတိုင်ရုပ်သိမ်းလိုက်သောအားဖြင့်
ပြည်သူ့ဘုရား ပြည်သူ့ရင်ပြင် ပြည်သူ့တရားပွဲ ပြည်သူ့အစိုးရ ပုံရိပ်များကို
ရုပ်လုံးဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်
ဦးဖြိုးမင်းသိန်း။ ။
ဗုဒ္ဓတရားတော်တန်ခိုးကြောင့် နှလုံးသားဖြူစင်သော အစိုးရတစ်ရပ် တည်ဆောက်နိုင်ပါစေသော်ဝ်
ဦးပဉ္စင်း
ဝီရသူ ( မစိုးရိမ် )
7.1.2017
pm 2:18



Share: