အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့နေသူတစ်ဦးကို ဖမ်းဆီးစစ်ဆေး

အကြမ်းဖက်အဖွဲ့ အစည်းများအား ငွေကြေးထောက် ပံ့နေသည့် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာအုပ်စု တာဝန်ခံ မာမတ်ရှားကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်းပြီး လိုအပ်သည့် စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
မာမတ်ရှားသည် ဘူးသီး တောင်နှင့် မောင်တောမြို့နယ် အတွင်း အကြမ်းဖက်သင်တန်း များ တက်ရောက်ခဲ့သည့် ဘင်္ဂါလီ များအား ငွေကြေးထောက်ပံ့ပေး နေသူတစ်ဦးဖြစ်သည်ဟု ဇန်နဝါရီ၎ ရက်က မောင်ကြီးတောင်ကျေးရွာ မှ ဖမ်းဆီးရမိသည့် အကြမ်းဖက် သင်တန်း တက်ရောက်ခဲ့သူများ က ထွက်ဆိုထားကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ် ပြန်သည်။
ဖမ်းဆီးရမိသူများ၏ ထွက် ဆိုချက်များအရ ၂၀၁၆ ဇူလိုင်လ အတွင်းက ဘူးသီးတောင်မြို့နယ် ဒါးပိုင်ဆရာကျေးရွာ၏ အနောက် ဘက်ရှိ တောင်ကုန်းတစ်ခုတွင် မောင်ကြီးတောင်ကျေးရွာ၊ ဒါး ပိုင်ဆရာကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဘင်္ဂါလီ ၃၀ ဦးခန့်နှင့်အတူ အကြမ်းဖက်တိုက် ခိုက်ရေး သင်တန်းကို ရက်သတ္တ ပတ် နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်သင်တန်းကို တစ် ဖက်နိုင်ငံသားနှစ်ဦးက သင်ကြား ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
အကြမ်းဖက်သင်တန်းတွင် သေနတ်ပစ်ခတ်နည်းများနှင့် အခြေခံသိုင်းပညာများကို ဘူးသီး တောင်မြို့နယ် ချင်းသမားကျေး ရွာအုပ်စု၊ ပုလဲတောင်ကျေးရွာ နေ မော်လဝီအဒူရော်ဇောက်နှင့် တစ်ဖက်နိုင်ငံသားနှစ်ဦးက သင် ကြားပြသပေးခဲ့သည်ဟု ဆိုသည်။
အလားတူ အကြမ်းဖက် တိုက်ခိုက်နည်းသင်တန်းများကို မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာအနီး တောင်ခြေရှိ လယ် ကွင်းပြင်၊ ဂေါ်ဒူသာရအရှေ့ ကျေးရွာ၊ ဒါးပိုင်ဆရာကျေးရွာရှိ ဆူနာလီ၏ ဥယျာဉ်ခြံဝင်းနှင့် ဆင် အိုးပြင်ကျေးရွာရှိ မာမတ်ရှား၏ ဥယျာဉ်ခြံဝင်း၌ အသီးသီးဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်ပြီးနောက် ဇန်နဝါရီ ၂၀ ရက်ခန့်တွင် တစ်ဖက်နိုင်ငံမှ တစ် ဆင့် အကြမ်းဖက်တိုက်ခိုက်သူ ၁၀၀ ခန့်သည် လက်နက်များ ကိုယ်စီကိုင်ဆောင်ပြီး မောင် တောနယ်စပ်သို့ လာရောက်မည် ဖြစ်ကာ ဘူးသီးတောင်မြို့နယ်ရှိ တပ်စခန်းများကို လူတိုင်း လက် နက်ကိုင်ဆောင်ပြီး ဝင်ရောက်စီး နင်း တိုက်ခိုက်မည်ဟု စိစစ်ဖော် ထုတ်ရရှိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဇန်န၀ါရီ ၆ ရက်ကလည်း မောင်တောမြို့နယ်ကို ဒါးပိုင်ဆရာ၊ မောင်ကြီးတောင်နှင့် ဂေါ်ဒူသာရ (အရှေ့)ကျေးရွာ များ၌ လက်နက်ကိုင်သင်တန်း တက်ရောက်ခဲ့သူ ဘင်္ဂါလီငါးဦး ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။


Share: