ပြာသိုလဆန်း ၄ ရက်၊ 1.1.2017 ည ၇း၃၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကူကောင်းရွာ သိက္ခာထပ်၊ ရှင်ပြု၊ နားသ အလှူအကြို ဓမ္မသဘင်။
အလှူဒါယကာ ဦးဇော်ဝမ်း+အလှူဒါယိကာမ ဒေါ်ယဉ်ယဉ်အေး မိသားစစုရဲ့ အလှူတော်မင်္ဂလာ အကြိုဓမ္မသဘင်ပါ။ မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်းများရဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။
ထေရ်ကြီးဝါကြီးဆရာတော်များနှင့် မဘသ ညီနောင်များ လာရောက်အားပေးကြပါတယ်။မဘသ နှစ်ပတ်လည်းအခမ်းအနားအတွက်လည်း ဆွေးနွေးကြပါတယ်။ ကူကောင်း မဘသ နှစ်ပတ်လည်အခမ်းအနားမှာ မန်း မဘသ ဝိုင်းတော်သားများ အဖွဲ့လိုက် လာရောက်အားပေးကြမှာပါ။ ပထမဦးဆုံးအကြိမ်တရားပွဲဖြစ်လို့ အလှူဒါယကာ အလှူဒါယိကာမများ အတော်တက်ကြွနေတာ တွေ့ရပါတယ်။ ရွာသူရွာသားများလည်း အင်တိုက်အားတိုက် ရှိလှပါတယ်။ သမ္မာဒိဋ္ဌိဆယ်ပါး တရားတော် ဟောကြားခဲ့ပါတယ်။


