အင်းလေး မင်းချောင်းရွာတရားပွဲ ဒုတိယနေ့

နတ်တော်လဆုတ် ၁၄ ရက် (လကွယ်နေ့)၊ 28.12.2016 ညနေ ၃း၀၀ နာရီ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းရွာ၊ မင်းကျောင်းကျောင်းတိုက် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အထူးဓမ္မသဘင်။
အင်းလေး မဘသနှင့် ဝံသာနုရက္ခိတအဖွဲ့တို့ ကြီးမှူးကျင်းပတဲ့ပွဲပါ။ ဓမ္မစကူးလ် ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားလေးများ ဓမ္မတေးကဗျာ သီဆိုပူဇော်ပွဲနှင့် ပူးတွဲကျင်းပတာပါ။ အင်းလေးကန် အနောက်ဘက်ကမ်းရှိ ကျေးရွာများနှင့် အခြားကျေးရွာများမှ ရွာသူရွာသားများ တရားနာပရိသတ်များလည်း တက်ရောက်ကြပါတယ်။

တရားပွဲအပြီးမှာ သံဃာတော်များနှင့် ပရိသတ်များ မေးသော မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။ ၁၄ နှစ်အရွယ် ဓမ္မစကူးလ်ကျောင်းသူမလေးက မေးခွန်းနှစ်ပုဒ် မေးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာတရားကိုင်းရှိုင်းရိုသေသူလေးပါ။ အင်္ဂုတ္ထိုရ်လာ သုမနသုတ္တန်ထဲက သုမနဒေဝီ ဘုရင့်သမီးတော်လေးလို ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့၊ ဘာသာတရားကိုစောင့်ရှောက်ဖို့၊ တစ်မျိုးသားလုံးကို ကာကွယ်ဖို့ ဟောကြားခဲ့ပါတယ်။ ဒို့တာဝန်အရေး သုံးပါးနှင့် ၉၆၉ တရားတော်ပါ။ “ဒို့တာဝန်အရေးသုံးပါးနှင့် ၉၆၉” ၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်၊ ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။ အမျိုးဘာသာ၊ သာသနာအတွက်ကို၊ အကြမ်းမဖက်ဖို့ ပုံဖော်နေ။ ရတနားသုံးပါး ဦးထိပ်ထားလို့၊ ရိုးသား နိုးကြား ကျိုးစားလေ။ အမျိုးသားရေး သွေးမအေးဘဲ၊ အမြဲတစေနွေးပါးစေ။



Share: