ဒုက္ခတွေယူကြဦးမလား ဒုက္ခတွေ(၆) ဂျာမနီရှိ အိုးအိမ်မဲ့အမျိုးသားတစ်ဦးကို ဆီးရီးယားလူငယ်များ အုပ်စုဖွဲ့လုယက်

ဘာလင်၊ ဒီဇင်ဘာ ၂၈
ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် အိမ်ရာမဲ့အမျိုးသားတစ်ဦးကို တိုက်ခိုက်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းအခြေချသူ လူငယ်ခုနစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့မှ ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူ အဆိုပါလူငယ်များသည် ခရစ္စမတ်နေ့ညက အိုးအိမ်မဲ့အမျိုးသားတစ်ဦးကို လုယက်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့၏ရုပ်ပုံကို CCTV ကင်မရာက ကောင်းစွာမှတ်တမ်းတင်လိုက်နိုင်ကြောင်း၊ သို့အတွက်ကြောင့် ယင်းလူငယ်များသည် ရဲဌာနသို့ ချက်ချင်းဆိုသလိုပင် လာရောက်အဖမ်းခံခဲ့ကြောင်း၊ ဂျာမန်အာဏာပိုင်များက ဆိုသည်။ အိုးအိမ်မဲ့အမျိုးသားမှာ ဘာလင်မြို့ရှိ မြေအောက်ဘူတာရုံတစ်ခုတွင် ယင်းလူငယ်များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရရှိမှု မရှိခဲ့ပေ။

လုယက်တိုက်ခိုက်ခဲ့သူ လူငယ်များသည် အသက် ၁၅ နှစ်မှ ၁၈ နှစ်အရွယ်ကြားတွင် ရှိပြီး ဆီးရီးယားလူမျိုးခြောက်ဦးနှင့် လစ်ဗျားနိုင်ငံသားတစ်ဦးတို့ဖြစ်သည်။ တိုက်ခိုက်မှုကို အဓိကဦးဆောင်ခဲ့သူမှာ အသက် ၂၁ နှစ်အရွယ်ရှိ ဆီးရီးယားလူမျိုးဖြစ်ပြီး ၎င်းကို နေထိုင်ရာနေအိမ်အနီးတွင်ပင် ဖမ်းဆီးမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ အဆိုပါလူငယ်များအားလုံးသည် ပြီးခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်များအတွင်း ဘာလင်သို့ ပြောင်းရွှေ့အခြေချလာသူများဖြစ်သည်ဟု အစိုးရအာဏာပိုင်များက ပြောကြားသည်။

လုယက်တိုက်ခိုက်မှုခံရသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ရှုံးလိန်းဆွာဇေမြေအောက်ဘူတာရုံရှိ ခုံတန်းတစ်ခုတွင် သတင်းစာခင်းကာ အိပ်ပျော်နေစဉ် လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းကို အဆိုပါလူငယ်အုပ်စုက မီးရှို့ခဲ့ကြသော်လည်း မြေအောက်မီးရထားမောင်းနှင်သူက တွေ့မြင်ကာ မီးသတ်ဘူးဖြင့် မီးငြိမ်းသတ်ပေးခဲ့ရကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ဆိုသည်။ 
29.12.2016 The Voice Daily
Share: