"ဦးဝီရသူ (သို့) ခေတ်ဆိုးမှာလည်း ပြည်သူအကျိုးသည်ပိုးသူ" ဓမ္မဝီရ ဒေါက်တာတေဇနိယ

ဆရာတော်ဦးဝီရသူသည် ဒီမိုကရေစီအသွင်ပြောင်းကာလ ခေတ်ကောင်းသည့်အခါမှ ပေါ်ပင်ထပြီး အမျိုးသားရေး လုပ်ဆောင်နေသူဟု ထင်သူများရှိသကဲ့သို့ ကြံခိုင်ရေး လက်ကိုင်ဒုတ်ဖြစ်သည်။ စစ်တပ်က အာဏာပြန်သိမ်းအောင် လုပ်ဆောင်နေသူဖြစ်သည်ဟု မြင်သူများလည်းရှိသည်။ သို့သော် ထိုသို့ ထင်မြင်သူများသည် လေ့လာခြင်းမရှိ ဆန်းစစ်ဝေဘန်ခြင်း နတ္တိဖြစ်နေသူများနှင့် အပုတ်ဉာဏ်ဖြင့် မဟုတ်ကြံသူများ၏ မုသာဝါဒလှိုင်းဂယက်၌ မျောပါလှိုင်းပိ မှိုင်းမိနေသူများသာဖြစ်၏။
ဦးဝီရသူသည် ခေတ်ကောင်းမှ သူရဲကောင်းထလုပ်သူ ဟုတ်၏ မဟုတ်၏၊ စစ်အာဏာရှင်ကို ပြန်လည်အသက်သွင်း လိုသူဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုသည်ကို ဆရာတော်၏သမိုင်း ဆရာတော်၏မှတ်တိုင်များကို လေ့လာကြည့်က သိနိုင်ကြပါသည်။
ဦးဝီရသူသည် ယခုလိုပွင့်လင်းမြင်သာ ဒီမိုကရေစီကာလမှ အမျိုးသာရေးကို လုပ်ဆောင်နေသူမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ NLDကိုထောက်ခံခဲ့ မဟုတ်။ စစ်အာဏာရှင်တို့၏ စစ်ဖိနပ်အောက်က ခေတ်ဆိုး ခေတ်ပျက်ကြီးကတည်းက အမျိုးသားရေးကို လုပ်ဆောင်ခဲ့ သူဖြစ်သည်။ စစ်အာရှင်ကိုတော်လှန် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ရံ၍ NLDကို ထောက်ခံခဲ့သူ ဖြစ်သည်။
စစ်အာဏာရှင်ကာလများ၌ ဟောကြားခဲ့သည့် အမျိုးသားရေးတရားများ၌ “ အစိုးရစစ်ခေါင်းဆောင်တို့၏ လောဘ၊အတ္တကြီးမားမှု၊ ပြည်သူအပေါ် မေတ္တာ၊ကရုဏာကင်းမဲ့မှုများနှင့် တိုင်းပြည်ကိုရောင်းစား ငါကောင်းစားရေးဘဲ လုပ်နေသည့်အတွက် ယခုကဲ့သို့ တိုင်းပြည်သည် ဆင်းရဲမွဲတေနေခြင်းဖြစ်ကြောင်း တိုင်းပြည်နှင့်လူမျိုး ၊ဘာသာ သာသနာပြန်လည် ထွန်းလင်းတောက်ပ သာယာဝပြောလာစေရန် ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံ ၀န်ရံဖို့ လိုအပ်ကြောင်းကို စစ်အာဏာရှင်ခေတ်မှာထောင်မကြောက် တန်းမကြောက် ရဲရဲသောက်တဲ့ မကြောက်တရားကို အကျိုးများဖို့ဟောကြားခဲ့ပါသည်။
တရားပွဲများ၌လည်း စစ်အစိုးရ အရာရှိများ အမျိုးဘာသာ၊သာသနာကိုသစ္စာဖောက်၍ မူဆလင်ကုလားများထံမှ လာဘ်စားကာ မြန်မာတိုင်းရင်းသားများအပေါ် ကုလားအလိုကျ အနိုင်ကျင့်နေကြောင်းကို အတိအလင်းဟောကြားခဲ့သူဖြစ်၏။
စစ်အစိုးရ စစ်အာဏာရှင် စစ်ဘုရင်များကို အတိအလင်း ပြောင်ပြောင် တင်းတင်း တော်လှန်ခဲ့သည်။ ဆရာတော်သည် NLD ပါတီအား ယခင်စစ် အစိုးရကို တော်လှန်ခဲ့သလို တော်လှန်နေခြင်းမဟုတ် အချိန်မီအသိဝင် သတိနှင့်ဆင်ခြင် ကာ တိုင်းပြည်နှင့် လူမျိုး ဘာသာသာသနာအတွက် အားကိုး ထိုက်သည့်ပါတီ၊ယုံကြည်ရသည်အစိုးရဖြစ်စေဖို့ ထောက်ပြ နေခြင်းသာဖြစ်၏။
ထို့သို့ ထောက်ပြလမ်းညွှန်ခြင်းသည်ဘုရားရှင်ဟောကြားခဲ့သည့် “မကောင်ြး မစ်တား၊ကောင်းရာညွှန်လစ်၊အသစ်ဟောကြူး၊နာဖူးထပ်မံ၊နတ်ထံတင်ရာ၊မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေခြာ”ဆိုသည့် ရဟန်းဝတ္တရား (၆)ပါးနှင့်အညီဖြစ်သဖြင့် ဘုရားအလိုတော်ကျ ဖြစ်ပါသည်။ သံဃာတော် တို့သည် မိမိတို့၏ ဒကာ၊ဒကာများ ပစ္စုပ္ပန်၊သံသရာ အကျိုးမဲ့စေမည့်နည်းမှား၊ လမ်းမှားများလုပ်ဆောင်နေပါက တားမြစ်ပေးရမည့်တာဝန်ရှိသည်။ 
တားမြစ်ယုံမျှမကပေ ကောင်းရာညွှန်လစ်ဆိုသည့် အတိုင်း လမ်းမှန် နည်းမှန် ကို ညွှန်းပြပေးရမည် သာဖြစ်ပါသည်။

ဆရာတော်သည် အမျိုးသားရေးတရားများကို စစ်အာဏာရှင်ခေတ်ဆိုးကာလ (၁၉၉၇) ခုနှစ်ကတည်း က ဟောကြားနေပြီဖြစ်၏။ ထိုစဉ်ကဆရာတော်သည် ဘာသာသာသနာ ကာကွယ်ရေးအတွက် မူဆလင်များ၏ လုပ်ရပ်များကို ဘုရားဟော ဒေသနာတော်နှင့်အညီ ကမ္ဘာနှင့် မြန်မာ့၌ ဖြစ်ပျက်နေ သည့် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန် အဖြစ်အပျက်များနှင့် မီးမောင်းထိုး ကာဟောပြပေးသကဲ့သို့ တိုင်းပြည်နှင့် လူမျိုးကောင်းစားရေးအတွက်လည်း စစ်အစိုးရဆန့်ကျင်ရေးတရားများကိုပါ ထည့်သွင်းဟောကြားခဲ့၏။
ထို့ကြောင့် ဆရာတော်ဦးဝီရသူ၏ တရားပွဲများကို စစ်အာဏာရှင်များက ပိတ်ပင်မှုများပြုလုပ်ခဲ့သည်။ မန္တလေးမြို့ပေါ်က တရားပွဲတပွဲဆိုလျှင် တရားပွဲမစခင်လေး၌ တရားပွဲပလ္လင်နှင့် မဏ္ဍပ်များကို စစ်တပ်မှလာရောက် ဖျက်ဆီးသဖြင့် စစ်တပ်နှင့်သံဃာ ထိပ်တိုက်ေ တွ့ပြီး ပဋိပက္ခပင်ဖြစ်ပွားခဲ့ သည်။
နယ်တရားပွဲများတွင်လည်း တယက၊ခယက များမှ အာဏာနှင့်ခြိမ်း ခြော က်၍ ဆရာတော်ကို တရားမဟောရန် တားမြစ်ကြ၏။ 
ထိုအခါဆရာတော်က “တရားကတော့ ဟောဖြစ်အောင်ဟောမည်၊ ဖမ်းမ ယ်ဆိုရင် ပလ္လင်ဘေးမှာကားရပ်ထားပါ တရားပွဲပြီးလျှင်ပြီးချင်း ကျင်ငယ်မစွန့် ဘဲ လိုက်ခဲ့မယ်ဟု” တုန့်ပြန်ပြောဆို၍ ရဲရဲသောက် မကြောက်တရား၊ အမျိုး သား ရေးတရား၊ဒီမိုကရေစီတရားဟောကြားခဲ့သည့် ဆရာတော်ဖြစ်သည်။

ထို့သို့ဟောကြားမှုကြောင့်ပင် ၂၀၀၃ခုနှစ်၌ စစ်အာဏာရှင် စစ်ဘုရင်တို့၏ မတရားဖမ်းဆီးခြင်းကိုခံရ၍ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅(ည)အပါအ၀င် ပုဒ်မ(ခ၅)ခုဖြင့် ပြစ်ဒဏ်(၂၅)နှစ်ပေးခံရခြင်းဖြစ်၏။ ထို့သို့ ဖမ်းဆီးထော င်ချခံခြင်းမှာ အမျိုးသားရေးတရားများဟောကြား လုပ်ဆောင်မှုထက် စစ်အာဏာရှင်တော်လှန်ရေး ဒီမိုကရေစီ တရားများ ကို ဟောကြားခြင်းေ ကြာင့်ဖြစ်သည်။
ဦးဝီရသူသည် စစ်အစိုးရလက်ထက်၌ အမျိုးသားရေးတရား၊ ဒီမိုကရေ စီတရားများ ဟောကြားလုပ်ေ ဆာင်နေရုံမျှမက ကုလားနှင့် အာဏာရှ င်ပေါင်း၍ ပြည်သူများအား အနိုင်ကျင့်စော်ကားနေမှုသည့် အမှုပေါင်းများစွာ တို့ကိုလည်း ကူညီဖော်ထုတ်ခဲ့သည်။ “ဘ၀အလင်းရောင်စာကြည့်တို က်”စသည်တို့ ကို ဖွင့်လှစ်ပြီး ခေတ်ဆိုးမှာ အသိတိုးအောင်လုပ်ေ ဆာင်တော်မူခဲ့ပါသည်။
ဆရာတော်သည် အမျိုးဘာသာ သာသနာကိုထိပါးသည့် မည့်သည့် အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂို လ်ကိုမဆို မထောက်ခံဘဲတွန်းလှန်၍ သာသ နာနှင့် ပြည်သူဘက်၌သာ ထာဝရ၀န်ရံ၍နေ၏။ 
မည်သည်ပါတီ၊မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်အတွက်မှမ ဟုတ် ပြည်သူအတွက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်။

ဆရာတော်သည် စစ်အစိုးရလက်ထက်ကလည်း ပြည်သူကို ဒုက္ခပေးသည့်အ တွက် စစ်အစိုးရကို တော်လှန်ခဲ့၏။ ကြံခိုင်ရေးအစိုးရက ပြည်သူကို အလေးမထားသည့်အခါ၌လည်း ကြံခိုင်ရေးအစိုးရကို ဝေဘန်ခဲ့သည်။ ထို့အတူ ပြည်သူအကျိုး ဘာသာ၊သာသနာအကျိုးကို ထိခိုက်စေနိုင်ပါက NLDကိုလည်း ထောက်ပြမည်သာဖြစ်သည်။
ဆရာတော်၏စိတ်သန္တန်၌မူ ကျဉ်းမြောင်းသည့် ပါတီနိုင်ငံရေး၊အာဏာနိုင်ငံေ ရး ထိုင်ခုံနိုင်ငံရေးမျိုးမရှိပေ။ တိုင်းပြည်နှင့် လူမျိုးကောင်းစားရေးသာ ရှေ့ရှုသ ည့် အမျိုးသားနိုင်ငံသာရှိသည်။
ပါတီနိုင်ငံရေးသည် အာဏာရရေး၊ရာထူးရရေးသည် ပဓာနဖြစ်၏ တိုင်းပြ ည်သာယယာရေးသည် သာမညသာဖြစ်၏။ ကိုယ့်နေရာမရလျှင် ကိုယ့်ပါတီ အာဏာမရလျှင် တိုင်းပြည်ကောင်းစားရေးဖြစ်သော်လည်း တိုင်းပြည်အ တွက်မကြည့်ဘဲ ဖျက်ဆီးမှုများပြုလုပ်တ တ်သည်။
အမျိုးသားနိုင်ငံရေးသည် အာဏာမရ နေရာမရသော်လည်း တိုင်းပြည်အ ကျိုးရှိပါက မည်သူနှင့်မဆို လက်တွဲဆောင်ရွက်နိုင်၏။ အမျိုးသားနိုင်ငံေ ရးသည် ငါကောင်းစာရေးမပါ ပေးဆပ်မှုသာပါ၏။ အနစ်နာခံမှုသာရှိ၏။
ထို့ကြောင့်ဆရာတော်က “ပါတီဆိုတာယာယီပါ။ အမျိုးသားနိုင်ငံရေးသည်သာ ကိုယ့်နိုင်ငံကိုယ်လူမျိုးအတွက် မည့်သည့်အခါမှ မကျရှုံးသည့် ထာဝရနိုင်ငံရေး သန့်စင်သောနိုင်ငံရေး မွန်မြတ်သောနိုင်ငံရေးဖြစ်သည် ထို့ကြောင့် အမျိုးသားနိုင်ငံရေးကိုသာ တစိုက်မတ်မတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ” မိန့်ကြားခြင်းဖြစ်သည်။
"ဓမ္မ၀ီရ ဒေါက်တာတေဇနိယ"
(အောင်ဇေယျတုဂျာနယ်၊ အမှတ်-၁၁၄-)


Share: