မုဒိတာရပ်ဝန်း (မန်း မဟော်သဓာ ပညာရေးအလှူတော်)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ၊ ဝံသာနုရက္ခိတအဖွဲ့ က အလှူတော်ငွေ ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (21.1.2017)
မန်း မဟော်သဓာအတွက်
ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော် လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်နှင့် 
သီခြားအလှူရှင်များ လှူဒါန်းငွေ ၅၀၆၅၅၀၀ (ငါးဆယ်သိန်း ခြောက်သောင်း ငါးထောင့် ငါးရာကျပ်)၊
စုစုပေါင်း - ၁၄၀,၀၆၅,၅၀၀ (သိန်း တစ်ထောင့် လေးရာနှင့် ခြောက်သောင်း ငါးထောင့် ငါးရာကျပ်) ရရှိပြီဖြစ်သည်။

အလှူရှင်များနှင့်အတူ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျောရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။


Share: