ပြာသိုလဆန်း(၁)ရက်၊ 13.1.2017 ည ၆း၀၀ နာရီ၊ မကွေးမြို့နယ်၊ ကံပြားအရှေ့ရွာ၊ ယသဇေယျာရုံ ဘကကျောင်းမှာ ဟောကြားတာပါ။
တရားပွဲသွားရင်း ခဏတာဝင်နားရာမှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏမထေရ်မြတ်က တာဝန်ပေးလို့ ဟောပြောခွင့်ရတာပါ။
အတန်းစုံ ကျောင်းသူကျောင်းသားပေါင်း ၇၄၇ ဦးနှင့် ကိုရင်လေးတွေ အပါး (၄၀)ရှိပါတယ်။
ကျောင်းသူကျောင်းသား ၇၀၀ ကျော်မှာ ဆယ်တန်းကျောင်းသူကျောင်းသားက ၃၀၀ ကျော်တောင်ရှိတာပါ။
၂၀၀၀ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး မူလတန်းကျောင်းသားကျောင်းသူ ၂၀၀ ကျော်ကို ကျောင်းအိပ်ကျောင်းစားအဖြစ် အမြဲကျွေးမွေးထားပြီး ကျန်ကျောင်းသူကျောင်းသားများကို ရွာထဲက အဆောင်တွေမှာထားကာ ပညာဒါနကုသိုလ်ပြုနေတဲ့ ကျောင်းတိုက်ကြီးပါ။
ဆရာ ဆရာမ ၂၅ ဦးရှိပြီး အောင်ချက်က ၇၀ ရာခိုင်နှုန်း ရှိပါတယ်။
စပွန်ဆာတွေ ဒိုနာတွေမရှိဘဲ တစ်ပါးတည်းရုန်းကန်နေရတဲ့ ကျောင်းတိုက်ကြီးပါ။
အခြားမီဒီယာများမှာ လုံးဝ မပါတဲ့အပြင် ဖေ့စ်ဘုတ်သတင်းတွေမှာတောင် မပါလို့ လူသိနည်းနေခြင်းလည်း ဖြစ်ပါတယ်။
ဘာမဆို အောင်ရမည် ကဗျာလေး ရွတ်ပြပြီး စိတ်ဓာတ်ခွန်အား ပေးခဲ့ပါတယ်။


