ဖျာပုံလွမ်းတေး အနီဘေး

9.1.2017 ရက်နေ့၊ ဖျာပုံ၊ အမာမြို့နယ်ခွဲ၊ သရက်ပင်ဆိပ်ကျေးရွာ၊ သဘာဝတရားရိပ်သာ တရားပွဲပြီးတော့ ဖျာပုံမြို့ကို ပြန်လာပါတယ်။ 
ဖျာပုံ မဘသ နောင်တော်ညီတော်များက တရွားပွဲထိ လာကြိုကြပါတယ်။ 
ကျုံကဒွန်း (လူမျိုခံရသော ရွာကြီး) အရောက်မှ မင်းကျောင်းမှ ဦးဝိမလနှင့် ဒေါ်မာမာသိမ့်တို့အဖွဲ့က ကြားဖြတ်ကြိုဆိုပြီး ဖျာပုံမြို့အထိ လိုက်ပို့ကြပါတယ်။ 
ဖျာပုံမြို့၊ ထန်းပင်ပရိယတ္တိစာသင်တိုက်မှာ တည်းခိုရင်း မြို့နယ်သံဃနာယကအတွင်းရေးမှူး စာချဆရာတော် ဘဒ္ဒန္တသုနန္ဒနှင့် ဆွေးနွေးကြပါတယ်။

10.1.2017 ရက်နေ့ အရုဏ်ဆွမ်းစားအပြီးမှာ ထန်းပင်စာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဥတ္တရ က တာဝန်ပေးလို့ စာသင်သားသံဃာလေးများအား သြဝါဒပေးခဲ့ပါတယ်။ 
ငယ်ဘဝဖြတ်သန်းခဲ့ရပုံအကျဉ်းနှင့် ‘ဘာမဆို အောင်ရမည်’ ကိုယ်တိုင်ရေး ကဗျာလေးရွတ်ဆိုပြီး စိတ်ဓာတ်မြှင့်တင်ရေး သြဝါဒတရား ဟောကြားခဲ့တာပါ။

အဲဒီနောက် ထန်းပင်ကျောင်းနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ မင်းကျောင်း မိုးကုတ်ရိပ်သာဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး အမရပူရခေတ် ပုဂံမင်းလက်ထက်မှာ တည်ခဲ့တဲ့ ရှေးကျောင်းကြီးကို လေ့လာ ဘုရားဖူးပြီး ဒေါ်မာမာသိမ့်အိမ် ခဏသွားကာ ရန်ကုန်သို့ ပြန်လာခဲ့ပါတယ်။ 
ဖျာပုံ မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ မင်းကျောင်း ဦးဝိမလ၊ ဒေါ်မာမာသိမ့်တို့အဖွဲ့က ဖျာပုံမြို့နယ်အလွန် ဒေးဒရဲနယ်စပ်အထိ လိုက်ပို့ကြပါတယ်။

ဖျာပုံနှစ်ညတာ ဓမ္မခရီးကား ပြီးဆုံးခဲ့ပါပြီ။ သရက်ပင်ဆိပ်ကျေးရွာ ပင်လယ်ကမ်းစပ်မှာ ရေချိုးခဲ့ရတာ အညောင်းအညာတွေပြေသလို ပင်လယ်လေ အဝရှူရတာလည်း ဝမ်းတွင်းအူတွေ သန့်ရှင်းသွားပါတယ်။ ပင်လယ်နားနေရတဲ့ ရွာသူ လေသူဌေးတွေကိုတော့ အားကျနေမိပါရဲ့။ ကံကောင်းကြလို့ပါ။
တရားပွဲနှစ်ညလုံးမှာ ဖျာပုံမြို့ တိုက်သစ်ကျောင်းမှ ဓမ္မစကူးလ်ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောမလ၊ ခရိုင် မဘသ အတွင်းရေးမှူး ကန်ကြီးဆရာတာ် ဘဒ္ဒန္တဣန္ဒက၊ မြို့နယ် မဘသ ဥက္ကဋ္ဌ တံခွန်တိုင်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ ရွှေရံသာဆရာတော် ဘဒ္ဒန္တနန္ဒိယ၊ နတ်စင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ အကျီးဝဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ၊ ဝေဇယန္တာဆရာတော် ဘဒ္ဒန္တပညာသာမိတို့က သံယောဇဉ်ကြီးမားစွာ လာရောက်စောင့်ရှောက်ကြတာပါ။ 
ကျေးဇူးကြီးမားသည့် ဆရားတော်များပါတကား။

9.1.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ ကမာပိုရွာနားက ကျုံကဒွန်းဆရာတော် ဦးစန္ဒဝံသနှင့် အမျိုးသားရေးဆွေးနွေးဖြစ်ပါတယ်။ စာရေးသူနှင့် သက်တူဝါတူဖြစ်ပြီး စာရေးသူလိုပဲ နိုးကြားတက်ကြွသူ ဖြစ်ပါတယ်။ 
ကျုံကဒွန်းဆရတော်ပြောပြတဲ့ လူမျိုခံရသောရွာကြီးအကြောင်း စိတ်ဝင်စားနေမိတာလည်း ဖျာပုံခရီးအမှတ်တရပါပဲ။

တစ်ခုထူးခြားတာရှိသေးတယ်။ တရားပွဲဦးဆောင်ပင့်သူ ဦးရွှေပေါက ဒေါ်ညိမ်းရွာ ဥက္ကဋ္ဌ NLD အတွင်းရေးမှူးပါ။ လူငယ်ပါပဲ။ သူလည်း အတော်အလုပ်ရှုပ်သွားသလို ခေါင်းကိုက်သွားမှာ အမှန်ပါပဲ။ 
စာရေးသူတည်းခိုရာ ဒေါ်ညိမ်းရွာ ဘုန်းကြီးကျောင်းတိုက်ဆရာတော်လေး ဦးသူရိယက ကျန်းမာရေးမကောင်းရှာပါဘူး။ အုန်းရည်နှင့်ဧည့်ခံတာ အမှတ်တရဖြစ်စေခဲ့တာပါ။

စစ်သူကြီးဆိုလား ဇိုးသမားဆိုလား လူနင်းခံရတဲ့ နွားချေးပုံမျက်နှာနဲ့ လူနီရိုင်းတစ်ဦးအပါအဝင် စာရေးဆရာတွေ ဟောပြောပွဲဖိတ်စာလာပို့တာ လက်မခံလို့တဲ့ FB မှာ ဖိတ်ကြားတဲ့အနီမိသားစုက ဘုရားကြီးကျောင်းဆရာတော်လေးကို စော်ကားထားကြတာ ကြည့်မကောင်း ရှုမကောင်းပါပဲ။ 
ဆရာတော်လေးက တိုင်ကြားထားလို့ အနီတစ်ကောင် ရွာတောင်မကပ်နိုင်ဘဲ ဝရမ်းပြေးနေလေရဲ့။

အင်းလေ…..
ခေတ်ကိုက
သူတို့ကိုထောက်ခံမှ သံဃာစစ်၊
သူတို့ကို ဝေဖန်ရင် သံဃာတု လို့ သတ်မှတ်နေကြတာ မဟုတ်လား…။
ဝီရသူ (မစိုးရိမ်)
16.1.2017
PM-08:00
Share: