အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဆင့်မြင့်သင်တန်းကြီး ပထမနေ့

ပြာသိုလဆန်း (၇)ရက်၊ 19.1.2017 တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာမှာ ကျင်းပပါတယ်။ မနက် ၇း၀၀ နာရီမှာ အခမ်းအနား ဖွင့်လှစ်ပါတယ်။ 
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကံပေါက်ရွာ၊ သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလ္လအမှူးပြုသော ဆရာတော် သံဃာတော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါတယ်။

သင်တန်း ပထမနေ့ မနက် နေ့ ည အချိန်အားလုံး သင်တန်းပို့ချပါတယ်။ အာရှတိုက်၊ အရှေ့တောင်အာရှတိုက်၊ တိုက်ကြီး သုံးတိုက် မြေပုံများဖြင့် ဗုဒ္ဓသာသနာကွယ်ခဲ့ရာ နိုင်ငံများသမိုင်းကြောင်းကို ရှင်းပြပါတယ်။ ပထဝီဘာသာရေးသမိုင်း သင်္ခန်းစာပါ။ ညပိုင်းမှာ ဦးဝီရသူနှင့် ဦးနေမျိုးဝေတို့က မေးမြန်းဆွေးနွေးကဏ္ဍအဖြစ် အားဖြည့်ကူညီကြပါတယ်။

တနင်္သာရီတိုင်း မြို့နယ်ဆယ်ခုမှ သင်တန်းသား သင်တန်းသူအားလုံး ၃၆၀ တက်ရောက်ပြီး ထားဝယ်မြို့ပေါ်မှ အချိန်ပိုင်းသင်တန်းသူ သင်တန်းသား ၁၂၀ ဦး စုစုပေါင်း ၄၈၀ ဦး တက်ရောက်ကြပါတယ်။ 
သင်တန်းကာလ ငါးရက်ပါ။



Share: