
တပို့တွဲလဆန်း ၂ ရက်၊ 29.1.2017 တနင်္ဂနွေနေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ ဝပ်ဆီမိန်ကျောင်းတိုက်၊ အေးချမ်းကမ္ဘာ ပရဟိတအသင်းနှင့် ထိုင်းယူနီယမ်ပုဇွန်ရုံ စေတနာရှင်မိသားစုများ မန်း မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲနှင့် ထေရဝါဒ အထူးတရားပွဲ။
တရားပွဲအပြီးမှာ မေးခွန်းတွေ ဖြေပေးပါတယ်။ တရားနာစဉ်မှာ သာဓုခေါ်တဲ့ပရိသတ်က မေးခွန်းတွေဖြေတဲ့အခါမှာတော့ လက်ခုပ်တီး၍ သြဘာပေးကြပါတယ်။
အလှူငွေများ ဆက်ကပ်လှူဒါန်းအပြီးမှာ ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ပါတယ်။ မန်း မဟော်သဓာအတွက် အလှူရှင်တစ်ရာကျော်က အလှူငွေ ၁၁၃ သိန်းကျပ် လှူဒါန်းကြပါတယ်။ မဟာဥမင်္ဂ ဇာတ်တော် ဟောကြားခဲ့ပါတယ်။ မဟော်သဓာနှင့် ကေဝဋ်အမတ် တရားစစ်ထိုးပွဲ ဟောကြားခဲ့တာပါ။
မဟော်သဓာဆင်နွှဲသောစစ်ပွဲက တရားသော စစ်၊
မဟော်သဓာ ပြည်သူတွေကိုချစ်တာက မမှားသော အချစ်။
မဟော်သဓာဇာတ်တော်က ဘုရားဟောအစစ်ဖြစ်လို့ တရားသောစစ်နှင့် မမှားသောအချစ် တရားအမည်နဲ့ ဟောကြားခဲ့တာပါ။
တရားသောစစ်ဆိုသည်မှာ၊ ဘုရားဟောအစစ်ယုံကြည်ပါ။
မမှားသောအချစ်ဆိုသည်မှာ၊ သွေးမြေမကျအောင် ကာကွယ်တာ။
သေနတ်ဖောက်စရာမလိုပါ၊ ဘုရားအလောင်း မဟော်သဓာ။

