ကလောမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ( မဘသ )၏ သဘောထား မေတ္တာရပ်ခံ ကြေညာချက်

၁၅-၂-၂၀၁၇
(၁) ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ်
ကလောမြို့ အမှတ်(၄)ရပ်ကွက် ဘူတာလမ်းတွင်
ကျေးလက်ရတနာပရဟိတပညာရိပ်သာကို ဖွင့်လှစ်တည်
ထောင်ထားသော အမှတ်(၃)ရပ်ကွက် သဇင်လမ်းတွင်နေထိုင်သူ ဦးတော်မီအောင်(အသက်-၇၂)
သည် ၄င်း၏ဘော်ဒါဆောင်တွင် နေထိုင်၍ ပညာသင်ကြားလျှက်ရှိသော မသိမ့်ဇာခြည်မိုး (အသက်-၁၆)
( အဘ - ဦးကျော်မိုး အမိ-ဒေါ်မြတ်ရွှေ ) အား
( ၂၂ - ၁ - ၂၀၁၇ ) ညပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု
သိရပါသည်။
(၂) ထို အဓမ္မပြုကျင့်ခဲ့ခြင်းနှင့် ပက်သတ်၍ -
(က) ကလောမြို့နယ် မ ဘ သ အဖွဲ့မှ ပြင်းပြင်းထန်ထန်
ရှုံ့ချပါသည် ။
( ခ ) သက်ဆိုင်ရာ အုပ်ချူ ပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ
အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု၍
မှန်ကန်စွာ အရေးယူဆောင်ရွက်ပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
( ဂ ) ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးကို ရှေ့ရှု၍
ဘာသာရေး . လူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန်
အတွက် ထိန်းသိမ်းဆောင်ရွက်ပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
ဥက္ကဋ္ဌ
ဘဒ္ဒန္တဝါသဝ
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့
ကလောမြို့နယ် ရှမ်းပြည်နယ်
မြို့နယ် မဘသအဖွဲ့
ကလောမြို့နယ် ကလောမြို့
စာအမှတ်။ ။ ၁၃ ( မဘသ ) / ၂၀၁၇
ရက်စွဲ ။ ။ ၂၀၁၇- ဖေဖေါ်ဝါရီလ(၁၅)ရက်
Share: