မုဒိတာရပ်ဝန်း (မန်း မဟော်သဓာပညာရေးအလှူတော်)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ က ထိုင်းဘတ်ငွေ ၂၄၂၇၅ (နှစ်သောင်း လေးထောင် နှစ်ရာ ခုနစ်ဆယ့် ငါးဘတ်) = ၉၄၀၀၀၀ိ/ (ကိုးသိန်း လေးသောင်းကျပ်) လှူဒါန်းပါသည်။ (29.1.2017)
ထိုင်းနိုင်ငံ မဟာချိုင်မှာ လှူဒါန်းခြင်းဖြစ်သည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော် လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်နှင့် သီခြားအလှူရှင်များ လှူဒါန်းငွေ ၇,၁၀၅,၅၀၀ိ/ (ခုနစ်ဆယ့် တစ်သိန်း ငါးထောင့် ငါးရာကျပ်)၊ စုစုပေါင်း - ၁၄၂,၁၀၅,၅၀၀ (တစ်ထောင့် လေးရာ့ နှစ်ဆယ့် တစ်သိန်း ငါးထောင့် ငါးရာကျပ်) ရရှိပြီဖြစ်သည်။
အလှူရှင် အရှင်ဝဏ္ဏိတနှင့်အတူ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး၍ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျောရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။


Share: