တပို့တွဲလဆန်း ၆ ရက်၊ (၂.၂.၂၀၁၇)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မာဃလမ်း၊ ဆွမ်းလောင်းဓမ္မာရုံ တတိယအကြိမ် ပဋ္ဌာန်းအောင်ပွဲ ဓမ္မသဘင်။
တရားမဟောမီ အိမ်တစ်အိမ်မှာ ခဏနားပါတယ်။ သီရိဇေယျာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇအမှူးပြုသော သံဃာတော်များ ကြွရောက်အားပေးကြပါတယ်။
မာဃလမ်းဆိုတဲ့အတိုင်း မာဃလုလင်တို့ ပြုပြင်ကြရာ ချိုင့်တွေ ခွက်တွေပေါများတဲ့ လမ်းတွေတည်ရာ ရပ်ကွက်ပါ။
ဆင်းရဲသူဆင်းရဲသားများနေထိုင်ရာ ရပ်ကွက်မို့ စိတ်ဓာတ်မြှင့်တင်ရေးတရား ဟောကြားခဲ့ပါတယ်။ 'အဓိပတိလေးပါးတရားကို ဘာမဆိုအောင်ရမည်' အမည်နဲ့ ဟောကြားခဲ့ပါတယ်။


