ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍
ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်အပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
သဘောထားထုတ်ပြန်ချက်
ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်အပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၂-၂-၂၀၁၇
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး(UNHCR)၏ ရခိုင်ပြည်နယ်မြောက်ပိုင်းဆိုင်ရာ
ဖေဖော်ဝါရီ ၃ရက်နေ့အစီရင်ခံစာတွင် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ်ရှိမွတ်ဆလင်များအပေါ် ပြင်းထန်သော လူ့ အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။ ယင်းထုတ်ပြန် ချက်နှင့် ပတ်သက်၍ မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း၍ ဖေဖော်ဝါရီ(၁၀)ရက်မှ (၁၇)ရက်အတွင်း သတင်းထွက်ပေါ်ရာ ရွာပေါင်း၂၀ကျော်သို့ အဖွဲ့များခွဲကာ ကွင်း ဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်နေသည်ကို သိရှိရပါသည်။

သို့ရာတွင် ဖေဖော်ဝါရီ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ မျိုးတုံးသတ်ဖြတ်မှုကာကွယ်တားဆီးရေးဆိုင်ရာအကြံ ပေးပုဂ္ဂိုလ်က မဟာမင်းကြီးရုံး၏ စုံစမ်းဖော်ထုတ်ချက်အရ လူသားမဆန်သော အဆင့်ထိ စက်ဆုပ်ဖွယ်ရက်စက်စွာ ဖြိုခွင်းလာသည်ဟု ယုံကြည်စရာရှိလာပါသည်ဟု မှတ်ချက်ပြုခဲ့သည်။
ထို့အပြင် " အစိုးရဟာ သူ့ပြည်သူတွေအပေါ် ဒီရက်စက်ကြမ်းကြုတ်မှုနဲ့ အပြစ်ပေးမူတွေကို တာဝန်ယူရပါလိ့်မ်မယ် "ဟူ၍ လူသားများအပေါ် ရာဇ၀တ်မှုမြှောက် ဖြိုခွင်းမှု (Crime against Humanity) အဖြစ်ရောက်အောင် တွန်းပို့နေကြောင်း တွေ့ရှိရပါသည်။

မြန်မာအစိုးရနှင့် လုံခြုံရေးအဖွဲ့အစည်းများသည် ဒေသခံမွတ်ဆလင်လူထုအား အခြေအနေမှန်သိရှိရန်နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဆောင်ရွက်ချက်များပြုလုပ်ပေးခဲ့သည်မှာ ထင်ရှားခဲ့ပြီး ဖြစ်ပါသည်။ သို့စဉ် လျှက် မြန်မာအာဏာပိုင်များ၏ မိမိတို့အချုပ်အခြာအာဏာပိုင်နက်အတွင်း ပြည်တွင်းရေးကိစ္စရပ်များအား ထိုသို့ဆောင်ရွက်နေမူများအပေါ် တာဝန်ယူဆောင်ရွက်လောက်အောင် စိတ်မချရပါဟု စွပ်စွဲလာပါသည်။
၎င်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူ ယန်ဟီးလီအား ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးကို International Intervention အဖြစ်ရောက်အောင် ဖန်တီးရန် တွန်းအားပေးနေကြပြီ ဖြစ်ပါသည်။ ဤဖြစ်ရပ်မှာ ကျွန်ုပ်တို့ပါတီက စိုးရိမ်မကင်းဖြစ်ခဲ့သော R to P (Responsible to Protection) ဖြင့် ကုလသမဂ္ဂမှ ၀င်ရောက်အရေးယူနိုင်ရန် နှပ်ကြောင်းပြနေပြီလည်း ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ NDF ပါတီသည်-
(က) မြန်မာ့အချုပ်အခြာအာဏာပိုင်မြေအတွင်း တရားသဖြင့် ဥပဒေနှင့်အညီဆောင်ရွက်နေမူအပေါ် ယင်းသို့ ခိုင်လုံမှုမရှိဘဲ စွပ်စွဲပြောဆိုမှုကို အမျိုးသားရေးအမြင်ဖြင့် လက်မခံပါ။
(ခ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ မြန်မာပြည်နယ်နမိတ်ပြင်ပသို့ ထွက်ပြေးခိုလှုံသူများ အား မေးမြန်းစုံစမ်းရရှိချက်အပေါ် တည်မှီရရှိသည့် ထုတ်ပြန်ချက်ကိုလည်း လက်မခံပါ။
(ဂ) ပြည်တွင်း၌ဖြစ်ပျက်ခဲ့မှုအစုစုကို ပြည်တွင်း၌သာဖြေရှင်းပြေလည်စေရမည် ဖြစ်ပါလျှက် ဤရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးကို နိုင်ငံတကာအရေးဖြစ်စေရန် ဆွဲယူဆောင်ရွက်နေမူများကို လုံးဝလက်မခံပါကြောင်းနှင့်
ပြင်းပြင်းထန်ထန်ကွက်ကွက်ပါကြောင်း ပြည်သူအများ အမျိုးသားရေး အသိရှိရှိဖြင့် သတိမူ၍ မိမိတို့၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အလေးအနက်ပြုနိုင်ကြစေရန် ကျွန်ုပ်တို့NDFပါတီမှ အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ