တပို့တွဲလဆုတ် ၄ ရက်၊ (15.2.2017)ရက်နေ့၊ ည ၈း၃၀ နာရီ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရေအိုးစင်စံပြကျေးရွာ၊ ရေအိုးစင်ပရိယတ္တိစာသင်တိုက်၊ သိရီပဝရ အတုမရှိကျောင်းတော်ကြီး လေးနှစ်ပြည့် ဓမ္မသဘင်။
လယ်ဝေး မဘသ ညီတော်နောင်တော်များ အမြန်လမ်းမှ ကြိုဆိုနေကြပါတယ်။ အမျိုးသားရေးအဆိုတော် ငြိမ်းချမ်းနှင့် လင်းထိုက်တို့လည်း သီချင်းဆိုရင်း လိုက်ပါကြိုဆိုကြပါတယ်။
ရေအိုးစင် အတုမရှိကျောင်းတော်ကြီးမှာ အကျွေးအမွေးတွေနဲ့ ပရိသတ်များ စည်ကားလျက်ရှိပါတယ်။
ရေးအိုးစင် အတုမရှိကျောင်းတော် သိရိပဝရ ဓမ္မာစရိယဆရာတော် ဦးသုဇနအား ဖူးမြော်ပူဇော်ပြီး စာအုပ်များလှူဒါန်းပါတယ်။ အတုမရှိဆရာတော် ဦးသုဇနက လယ်ဝေး မဘသ ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌဆရာတော်၏ တပည့်လက်ရုံးကြီးများကြောင့် တရားပွဲအထူးစည်ကားလှပါတယ်။ ကောကာလိက သုတ္တန် ဟောကြားခဲ့ပါတယ်။ ပဒုမငရဲသား အမည်ပေးဟောခဲ့တာပါ။
ကောကာလိက ရဟန်းတော်၊
သူတော်ကောင်းကို ပြစ်မှားသနော်၊
နှုတ်ဓမ္မကြောင့် အသက်ပျောက်၊
ပဒုမ ငရဲရောက်။
သူတော်ကောင်းကို ပြစ်မှားသနော်၊
နှုတ်ဓမ္မကြောင့် အသက်ပျောက်၊
ပဒုမ ငရဲရောက်။
ငြိမ်းချမ်းနှင့် လင်းထိုက်တို့က တရားပွဲမစခင်နှင့် တရားပွဲအပြီးမှာ အမျိုးသားရေး တေးသီချင်းများနှင့် ဖျော်ဖြေကြပါတယ်။
