(နိုင်ငံခြားသားတစ်ဦးအမြင်ပါ။
ဆက်လက်တင်ပြပေးသွားပါမည်။)
---------------------------------------------------------
ပြဿဿ နာရှုပ်ထွေးနေသည့် မြန်မာနိုင်ငံတွင်းမှ ရခိုင်ပြည်နယ်တွင် မြန်မာအစိုးရမှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီမူဆလင်လူနည်းစုကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ကုလသမဂ္ဂမှ စွပ်စွဲထားသည်။ လတ်တလောလများအတွင်း ယင်းအကျပ်အတည်းမှာ အရှိန်မြင့်တက်လာသည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် NGO များက မြန်မာ့တပ်မတော်မှ အစုအပြုံလိုက်လူသတ်မှုများနှင့် လူ့အခွင့်အရေးဖောက်ဖျက်မှုများကျူးလွန်နေကြသည်ဟု စွပ်စွဲကာ လူသိရှင်ကြားအပြစ်တင်ဝေဖန်သောစာများ တပုံတပင် ထုတ်ပြန်ကြသည်။ မြန်မာအစိုးရကမူ တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်အားထုတ်နေသောအဖွဲ့များ၊ အထူးသဖြင့် အစ္စလမ္မစ်တပ်ဖွဲ့များ၏ အကြမ်းဖက်မှုအပေါ် စစ်ပွဲဆင်နွှဲနေခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ "ရိုဟင်ဂျာ" ဟု ခေါ်ဆိုနေကြသော သူများမှာ အမှန်စင်စစ်အားဖြင့် တရားမဝင် ဘင်္ဂါလီရွှေ့ပြောင်းအခြေချသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်း၌ ဘင်္ဂါလီရွှေ့ပြောင်းအခြေချသူများ၏ ထောင်ပေါင်းများစွာသော မုဒိမ်းမှု၊ အစုအပြုံလိုက်လူသတ်မှုနှင့် လုယက်ရမ်းကားမှုများ ရှနေလင့်ကစား လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝန်းကမူ အကြမ်းဖက်မှုအားလုံးအတွက် မြန်မာအာဏာပိုင်များကိုသာ အပြစ်တင်နေကြသည်။ ၎င်းတို့ကိုယ်ကို ရိုဟင်ဂျာဆိုသူများမှာ အမှန်စင်စစ်မည်သူနည်း? ၎င်းတို့သည် အဘယ်ကြောင့် နိုင်ငံတကာ၏ အဓိကအာရုံစိုက်မှုကို ခံနေရပါသနည်း? မြန်မာနိုင်ငံအား မတည်မငြိမ်ဖြစ်အောင်ကြိုးပမ်းမှုနောက်ကွယ်၌ မည်သို့သော ပထဝီနိုင်ငံရေးရည်မှန်းချက်များ ရှိနေပါသနည်း?
ရိုဟင်ဂျာဟူသည်မရှိ
'ရိုဟင်ဂျာ' အမည်ရှိသော မျိုးနွယ်စုမည်သည် လုံးဝမရှိပေ။ 'ရိုဟင်ဂျာ' ဟူသော အသုံးအနှုန်းသည် ဘင်္ဂါလီနိရုတ္တိအားဖြင့် 'အာရကန်' ဟု အဓိပ္ပါယ်ရသည်။ 'ရိုဟင်ဂျာ' ဟူသည် အာရကန်မူဆလင်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင်းမှ မူဆလင်သာ ဖြစ်သည်။ အာရှလေ့လာမှုဆိုင်ရာ ပြင်သစ်သိပ္ပံ (ထိုင်းနိုင်ငံ) director of the French School for Asian Studies in Thailand ၏ ညွှန်ကြားရေးမှုးနှင့် ရခိုင်သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ယာကေး ပီ လိုင်ဒါ၏ စကားကို ကိုးကားလိုပါသည်။
၁၉ ရာစုတွင် ဗြိတိသျှအစိုးရမှ ဘင်္ဂါလီများကို ဗုဒ္ဓဘာသာများချည်းနှင်နှင်နေထိုင်သော မြန်မာအနောက်ပိုင်းရှိ ၎င်း၏ကိုလိုနီ ရခိုင်ပြည်နယ်တွင်းသို့ အလုပ်များ၌ခိုင်းစေရန်အလို့ငှာ ခေါ်သွင်းလာခဲ့သည်။ ၁၇ ရာစုက အိုင်ယာလန်တွင် ပရက်စ်ဘီတေးရီးယန်း Presbyterian များကို ပို့ဆောင်ကာ အသုံးချခိုင်းစေခဲ့သည့် ပုံစံအတိုင်း မူဆလင်များကိုတင်သွင်းကာ အခြေချနေထိုင်စေခြင်း ဖြစ်သည်။ ဗြိတိသျှအရင်းရှင်များသည် တိုင်းရင်းသားအိုင်းရစ်များကြား ၎င်းတို့လူယုံအင်အားစုမွေးထုတ်သည့်အနေဖြင့် ပရိုတက်စတင့် နှင့် ပရက်စ်ဘီတေးရီးယန်း များကို အိုင်ယာလန်သို့တင်သွင်းကာ အခြေချနေထိုင်စေခဲ့ကြသည်။ ယင်းလူယုံမွေးအခြေချနေထိုင်စေခဲ့ခြင်း၏ အကျိုးဆက်ကို နဂိုခေတ်က အိုင်းရစ်ပြည်နယ် အာ့လ်စတာUlster ရှိ ဗြိတိသျှထိန်းချုပ်နယ်မြေများတွင် ယနေ့တိုင် သက်ရောက်နေဆဲရှိသေးသည်။
ဗြိတိသျှတို့မှ ဘင်္ဂလီများကို မြန်မာနိုင်ငံတွင်း အခြေချနေထိုင်စေခဲ့ခြင်းမှာ ဗြိတိသျှအကျိုးစီးပွားအတွက် ရခိုင်ပြည်နယ်အတွင်းတွင် ၎င်းတို့ကို အသုံးချခြင်းဖြစ်သည်။ ယင်းအချိန်ကတည်းစပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်းမှ ဗုဒ္ဓဘာသာဝင်များကို အခါအားလျော်စွာ သတ်ဖြတ်မှုများ ကျူးလွန်လာခဲ့ကြသည်။ မူဆလင်များကျူးလွန်သော ပြဿနာများကို ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်အပြင် သယံဇာတကြွယ်ဝလှသောမြန်မာနိုင်ငံကို ကိုဆိုဗိုကဲ့သို့ ဖြစ်စေလိုသည့် ဗြိတိန်နှင့် အမေရိကန်တို့ကပါ အားပေးထောက်ခံပံ့ပိုးလာခဲ့ကြသည်။ "ပြဿနာများကို ဖန်တီးနေသူများမှာ မူဆလင်များ" ဟု စာရေးသူအနေဖြင့် လေးလေးနက်နက် ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပထဝီအနေအထားအရ အနောက်တိုင်းမှ စိတ်ဝင်စားမှုခံနေရသော ရခိုင်ပြည်နယ်တွင်း အခွင့်ကောင်းယူ ဂျီဟာ့ဒ်ဆင်နွှဲရန်ကြိုးစားနေသူများမှာ လူနည်းစုဟုဆိုနေကြသော ရခိုင်ပြည်နယ်တွင်းမှ အနှီမူဆလင်များပင် ဖြစ်နေသောကြာင့်ပင်တည်း။ ယင်းဂျီဟာ့ဒ်ကိုပင် "ယဉ်ကျေးမှုပဋိပက္ခများ" clash of civilisations ဟူ၍ လွဲမှားစွာ သို့မဟုတ် လူကြားကောင်းအောင် သမုတ်နေကြသေးသည်။
လွတ်လပ်ရေးရပြီးချိန်မှစပြီး ရခိုင်ပြည်နယ်တွင်းတွင် မူဆလင်များမှာ လူများစုဖြစ်လာပြီး ဗုဒ္ဓဘာသာဝင်များမှာ ၎င်းတို့၏ ဖိနှိပ်ရမ်းကားမှုများကို ခံလာကြရသည်။ ဘုရားကျောင်းကန်များသည်လည်း အကြမ်းဖက်တိုက်ခိုက် မီးရှို့ခံခဲ့ရသည်။ ဒေသတွင်း ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို မူဆလင်များက မုဒိမ်းပြုကျင့်မှုများမှာ ပုံမှန်သတင်းတစ်ရပ်ဖြစ်လာသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များမှာ အကြောက်တရားနှင့် နေထိုင်နေကြရသည်။ ရခိုင်ပြည်နယ်တွင်း အစ္စလမ္မစ်အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲက မူဆလင်နည်းသော ပြည်မတွင် မူဆလင်များအပေါ် တန်ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။ လွတ်လပ်သော ရခိုင်ပြည်နယ်သည်ကား ဆာဘီးယား၏ ကိုဆိုဗိုနှင့် ဆင်တူသည်။ ၎င်း၏လုံခြုံရေးအတွက် အမေရိကန်မျက်နှာကို ကြည့်နေရသည်။ အမေရိကန်အဖို့ ရခိုင်ပြည်နယ်သည် ပထဝီအနေအထားအရ တရုတ်မတည်မငြိမ်ဖြစ်စေရန် သွေးထိုးကောင်းလှသည့် လက်နက်ကြီးတစ်ခုဖြစ်သည်။ ဝီဂါများ (၎င်းတို့အများစုမှာ ဆီးရီးယားနှင့်အီရတ်တွင် လေ့ကျင့်သင်တန်းပေးပြီးသားဖြစ်သည်) ကို ဂျီဟာ့ဒ်ဆင်နွှဲစေခြင်းဖြင့် တရုတ်ကို မတည်ငြိမ်စေသလို ရခိုင်ကိုလည်း ဤသို့ပင် အသုံးချလိုနေသည်။
လက်ရှိတွင် မြန်မာအာဏာပိုင်များသည် ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့ Rohingya Liberation Organisation.(RLO)နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ the Rohingya Solidarity Organisation (RSO) အမည်ရှိ အကြမ်းဖက်အဖွဲ့နှစ်ခုကို စစ်ပွဲဆင်နွှဲနေရသည်။ RLO ကို ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ တူရကီတို့က ထောက်ပံ့ပေးနေသည်။ အချက်အလက်များအရဆိုရလျှင် နေတိုး NATO ကပင် ထောက်ပံ့ပေးနေသည်။
အိန္ဒိယထောက်လှမ်းရေးအေဂျင်စီများထံမှ ရရှိထားသော ပူပူနွေးနွေးသတင်းများအရ အစ္စလမ္မစ်စတိတ် (IS/ISIS) သည် ယခုအခါတွင် အိန္ဒိယနိုင်ငံ၌ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို တပ်သားသစ်အဖြစ် စည်းရုံးသိမ်းသွင်းပြီးဖြစ်ကာ လေ့ကျင့်သင်တန်းပေးရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ ပို့ဆောင်နေသည်။
ရိုဟင်ဂျာခေါ်ဆို ဘင်္ဂါလီအကြမ်းဖက်သမားများသည် တူရကီ၏ကြီးကြပ်မှုအောက်၌ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေး၏ လေ့ကျင့်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများကို ခံယူရရှိသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကလည်း အစွန်းရောက်စိတ်ဓာတ်ရိုက်သွင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ဖြင့် ပံ့ပိုးပေးကြသည်။ မီဒီယာကြီးများ၏ ရိုဟင်ဂျာဒုက္ခသည်ဇာတ်လမ်းများဆိုသည်က ရိုဟင်ဂျာသမိုင်းလိမ်အကြောင်း၊ မြန်မာနှင့် ဘင်္ဂလားပင်လယ်အော် ပထဝီအနေအထားအရေးပါမှုအကြောင်းအရာများကို နကန်းတစ်လုံးမှပင်မသိဘဲ ၎င်းတို့ပြောစကားကိုသာယုံစားနေကြရသည့် စာဖတ်ရိသတ်အား တမင်တကာ ဆွပေးသော သာသာထိုးထိုး လှည့်ဖျားမှုများဖြစ်ကြသည်။
လူဦးရေ သန်း ၁၅၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘပေါ်ရှိ လူဦးရေအထူထပ်ဆုံး နိုင်ငံများထဲ တစ်ခုအပါအဝင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်၌ လုပ်ခလစာအနည်းအကျဉ်းဖြင့် အလုပ်ကြမ်းများကို မတန်တရာခိုင်းစေသော အလုပ်ရုံများ အများဆုံးရှိသောနိုင်ငံများထဲ တစ်ခုအပါအဝင်ဖြစ်သည်။ ဤအနောက်တိုင်းမှကုမ္ပဏီများပိုင် ထိုစက်ရုံများ၌ အလုပ်သမားများမှာ ကျွဲခိုင်းနွားခိုင်း ခိုင်းခံရကာ ကျွန်ပမာဖြစ်ကြရသည်။ သို့တိုင်အောင် လုပ်အားအကောင်းဆုံးအရွယ် လူငယ်များအတွက် တိုင်းပြည်မှ အလုပ်စေ့ငှအောင် မပေးနိုင်ချေ။ ထိုအခါ လူငယ်များသည် ထိုင်းနှင့် မလေးရှားသို့ အဓိက ဦးတည်၍ ရေကြောင်းခရီးစွန့်စားကြသည်။ အနောက်တိုင်းထောက်လှမ်းရေးအေဂျင်စီများ၊ NGO များနှင့် ပူလင်းတူဗူးဆို့ ပူးပေါင်းထားကြသော လူကုန်ကူးမာဖီးယားဂိုဏ်းများ၏ ရက်ရက်စက်စက် အလွဲသုံးစားမှုများကို ခံရပြီး ယင်းဘင်္ဂါလီရွှေ့ပြောင်းအခြေချသူများမှာ ရခိုင်ပြည်နယ်ကမ်းခြေများတွင် သောင်တင်ကြသည်။ ရောက်ရာကမ်းခြေ၌ ဒုက္ခသည်စခန်းများ ထူထောင်ကြသည်။ အနောက်တိုင်းအကျိုးစီးပွားအတွက် အလုပ်လုပ်ပေးသည့်အနေဖြင့် ၎င်းတို့ကို အယ်လ်ကိုင်ဒါခ်ျတ်ဆက် အကြမ်းဖက်အဖွဲများက တပ်သားအဖြစ် သိမ်းသွင်းကြသည်။ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်စေရန်ဖြစ်သည်။
ရိုဟင်ဂျာအမည်ခံဘင်္ဂါလီမူဆလင်များမှ ဆင်းရဲသောတောင်သူလယ်သမား ဗုဒ္ဓဘာသာဝင်များကို လူမျိုးတုန်းသတ်ဖြတ်နေမှုများအား ရစ်ခ် ဟိုင်းဇ်မန် Rick Heizman ကဲ့သို့သော လွတ်လပ်သော သုတေသနပညာရှင်များက ကိုယ်တိုင်ကွင်းဆင်း ကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုကာ အသေးစိပ် အနုလုံပဋိလုံ စာတမ်းပြုစုခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့များက လုပ်ကြံဖန်တီးထားသည့် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲမှုများကိုသာ ၎င်းတို့၏လူများမှတစ်ဆင့် ကြက်တူရွေးနှုတ်တိုက် ဖော်ပြနေကြသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch တို့သည်လည်း လွတ်လပ်သောအဖွဲ့အစည်းဟု လူထုယုံကြည်အောင် လှည့်စားထားလင့်ကစား စင်စစ်အားဖြင့် ၎င်းတို့သည် ဗြိတိန်နှင့် အမေရိကန်အစိုးရများ၏ အစိုးရတစ်ဝက်ထိမ်းချုပ်အေဂျင်စီများ၊ စစ်ပွဲဆိုင်ရာ အရင်းရှင်ဝါဒဖြန့်မှုများနှင့် ဆက်စပ်ပတ်သက်နေကြသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများထဲတွင် အနောက်တိုင်းထောက်လှမ်းရေးများ စိမ့်ဝင်ကာ အဓိကအခန်းကဏ္ဍများတွင် ပါဝင်နေကြပြီး "လူသားချင်းစာနာမှုဆိုင်ရာ ပါဝင်စွက်ဖက်မှု" ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံများကြား စစ်ရေးရှုပ်ထွေးအောင် ဖန်တီးလျက်ရှိနေကြသည်။


