မဘသ၏ မေတ္တာရိပ်အောက်မှ လသာ-လမ်းမတော် အနှေးယာဉ်ဥပါသကာတို့၏မွန်မြတ်သန့်စင်သည့်အလှူတော်နတ်,လူ,သာဓုခေါ်စေသော်

လသာမြို့နယ်၊ ဗိုလ်ရွဲလမ်း(အောက်) မိသားစု များ၏ တတိယအကြိမ် အထူးတရားပွဲတွင် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များမှ အနှေးယာဉ်မောင်းများသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ လိုဂိုတံဆိပ်ပါ အင်္ကျီ နှင့် 
"လောကအေးချမ်း မဘသ မေတ္တာလွှမ်း"စာတမ်းပါ အင်္ကျီများဝတ်ဆင်၍ တရားတော်နာကြွရောက်လာကြသည့် တရားနာပရိသတ်တို့ကို အခမဲ့ ကုသိုလ်ပြု၍ အိမ်တန်ရာရောက် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

ထိုအနှေးယာဉ်မောင်းအဖွဲ့သည်လသာနှင့်လမ်းမတော်မြို့နယ်များ၌ ကျင်းပသည့် တရားပွဲများတွင် အခမဲ့ ကုသိုလ်ပြု လိုက်ပါပို့ဆောင်လျှက်ရှိကြောင်း သိရပါသည်။
"မဘသ(ဗဟို) Online Media"
Share: