မုံရွာ ရွှေပြည်အေးတရားပွဲ

တပို့တွဲလဆန်း ၉ ရက်၊ (5.2.2017) တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေပြည်အေးရပ်ကွက်၊ မြစ်နားကိုင်းကျေးရွာ၊ ကျွန်းရွာသစ်ကျေးရွာ၊ သစ်ကိုးမယ်ကျောင်းတိုက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘဒ္ဒန္တနန္ဒိယ မဟာထေရ်ကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် ကျေးဇူးဆပ်ပွဲ အကြိုဓမ္မသဘင်။
မြို့နှင့်အတော်ဝေးပါတယ်။ လမ်းလည်းကြမ်းပါတယ်။ ကျောင်းထိုင်ဆရာတော်လေးနှင့် လူငယ်လူရွယ်တွေကတော့ တက်ကြွနေပါတယ်။
မုံရွာ-အလုံ အနီးအနားမှ သံဃာတော်များ လာရောက်အားပေးကြပါတယ်။ ကျောင်းထိုင်ဆရာတော်လေးရဲ့ ကျောင်းထိုင်သက်တမ်းက တစ်နှစ်ပဲ ရှိပါသေးတယ်။ မစိုးရိမ်ကျောင်းသားဟောင်း စာချတန်းပါ။ ဘွဲ့အမည်က အရှင်ပဝရ တဲ့။ စာရေးသူရဲ့ ညီငယ်တစ်ပါးဘွဲ့ကလည်း ပဝရ ပါပဲ။ အကြီးတန်းရောက်မှ လူထွက်သွားလေရဲ့။ 

ရွာသူရွာသားတွေအတွက် အလုပ်လုပ်ဖို့၊ အရွယ်သုံးပါးလုံးအတွက် အလုပ်လုပ်ဖို့ မှာခဲ့ပါတယ်။ ရွာသူရွာသားတွေကတော့ သမ္မာဒိဋ္ဌိ ဆယ်ပါး တရားကို သဘောကျနေလေရဲ့။



Share: