ဖြူး မဘသ စတုတ္ထအကြိမ် နှစ်ပတ်လည်အခမ်းအနား

တပို့တွဲလဆန်း ၈ ရက်၊ (4.2.2017) မနက် ၉း၃၀ နာရီ၊ ပဲခူးတိုင်း၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်၊ ကျောင်းမကြီးကျောင်းတိုက်မှာ ကျင်းပပါတယ်။
ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တစိန္တိတာဘိဝံသ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ဖြူး မဘသ အဖွဲ့ မျိုးချစ်ညီအစ်ကိုမောင်နှမများ၊ ဓမ္မစကူးလ်ကျောင်းသူကျောင်းသားများ၊ မြို့သူမြို့သားများ တက်ရောက်ကြပါတယ်။
ရွှေကျင်တောင်ဆရာတော်ကြီးက သြဝါဒမိန့်ကြားရာမှာ ပရိယတ္တနှင့် ပဋိပတ္တိသာမက အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ လိုအပ်ကြောင်း ဟောတော်မူပါတယ်။
စာရေးသူကတော့ တစ်ကောင်တည်းသောကျားကို ထောင်သောင်းချီသော တောဝက်တွေက ကြောက်နေရတာ ခေါင်းဆောင်မရှိလို့၊ အစွယ်ကို အသုံးမချတတ်လို့၊ စုစည်းအားကို မသိကြလို့ပါ။
ညီညွတ်ရင်၊ စည်းလုံးရင်၊ သတ္တိရှိရင်၊ အမိန့်နာခံတတ်ရင် ဝက်က ကျားကို အောင်နိုင်ကြောင်း ဟောကြားခဲ့ပါတယ်။
အခမ်းအနားအပြီးမှာ ဓမ္မစကူးလ် ကျောင်းသူကျောင်းသားလေးတွေကို ထပ်မံသြဝါဒပေးပါတယ်။
ဘုရားကို မမေ့ဖို့၊
တရားလည်း မမဲ့ဖို့၊
သံဃာလည်း မပစ်ပယ်ဖို့ ဟောကြားရင်း ဘုရားရှိခိုးရခြင်း၊ တရားကျင့်ရခြင်း၊ သံဃာပူဇော်ရခြင်း အကြောင်းတရားတွေကို ဆောင်ပုဒ်လေးတွေဆိုပြပြီး ဟောကြားခဲ့ပါတယ်။



Share: