ပထမဦးဆုံးလုပ်ရမှာက ပွင့်လင်းမြင်သာမှု။ ခုတော့ လွှင့်နေမှ ပြည်သူသိရ။ အပြောတစ်ခြား ဖြစ်သွားကြ။ အာနန်ကော်မရှင် အဖြေမထွက်သေး။
ဘင်္ဂလီနဲ့ ရိုဟင်ဂျာ ပြတ်ပြတ်သားသား အဖြေထွက်မှ ထုတ်လွှင့်ရမှာ။ ခုတော့ ရိုဟင်ဂျာ FM လုပ်ပြီး နို င်ငံရေး အမြတ်ထုတ်ကုန်ကြပြီ။
အာနန်ကော်မရှင်အဖြေကို မစောင့်နို င်ရင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားထဲမှာ မပါဘူးလို့ တရားဝင်ထုတ်ပြန်ပြရမယ်။ အစိုးရရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြပြီးမှ ထုတ်လွှင့်ရမယ်။ ဒါကြောင့် ပွင့်လင်းပါ။ ပြတ်သားပါ။ တိုင်းရင်းသားတွေအပေါ် စေတနာအပြည့်အဝထားပါ။
ဝီရသူ ( မစိုးရိမ်)
8.2.2017
pm 5:34
8.2.2017
pm 5:34
===================================(=
မေယု FM ကို မြို့နယ် ၁၃ မြို့နယ်မှာ ကန့်ကွက်ဆန္ဒပြမည်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်မှာ အစိုးရကထုတ်လွှင့်နေတဲ့ မေယုအက်ဖ်အမ်နဲ့ ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မြို့နယ် ၁၃ ခုမှာ တပြိုင်တည်း ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်နေပါတယ်။
အစိုးရဘက်က အက်ဖ်အမ်ထုတ်လွှင့်မယ့်အကြောင်း ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိခဲ့သလို တိုင်းရင်းသားတွေအတွက် ရေဒီယိုအစီအစဉ်တွေ မထုတ်လွှင့်နိုင်သေးခင်မှာ နိုင်ငံသားမဟုတ်သူတွေ အတွက် ထုတ်လွှင့်ပေးတာကို ရပ်တန့်ပေးဖို့ တောင်းဆိုကြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်နေသူ တစ်ဦးဖြစ်တဲ့ တောင်ကုတ်မြို့ခံ ဦးမောင်မောင်သက် က ပြောပါတယ်။
မေယုအက်ဖ်အမ် စမ်းသပ်ထုတ်လွှင့်နေတဲ့ သုံးမြို့နယ်အပြင် တောင်ကုတ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်ပေါင်း ၁၃ ခုမှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်ဝန်းကျင်က ဦးနုအစိုးရက ရိုဟင်ဂျာတိုင်းရင်းသားဆိုတာကို အသိအမှတ်ပြုပြီး ရေဒီယို အစီအစဉ်ထုတ်လွှင့်ခဲ့ဖူးတာကြောင့် လက်ရှိ မေယုအက်ဖ်အမ် ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတာဖြစ်တယ်လို့ ဦးမောင်မောင်သက် က ပြောပါတယ်။
မေယုအက်ဖ်အမ်ထုတ်လွှင့်မှုအစီအစဉ်ဟာ ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသမှာ နေထိုင်ကြသူတွေအတွက် သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ချိပေးနိုင်ဖို့ ထုတ်လွှင့်တာဖြစ်ပြီး ဘယ်ပြင်ပလူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှ အသံလွှင့်ခွင့်မပေးထားဘူး လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန် ခဲ့ပါတယ်။
မောင်တောဒေသမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်စပ်ပြီး မမှန်သတင်းတွေ အများအပြားထွက်ပေါ်နေတဲ့အတွက် ဒေသတွင်းနေထိုင်သူတွေ သတင်းအချက်အလက်မှန်တွေ ရရှိရေးနဲ့ ဒေသအတွက် နိုင်ငံတော်အစိုးရဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ် တွေကို သိရှိအောင် ထုတ်ပြန်ပေးဖို့လိုအပ်နေတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် နဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မေယုအက်ဖ်အမ်ဟာ နယ်မြေအကန့်အသတ်တစ်ခုအတွင်း လတ်တလောလိုအပ်ချက်တွေအတွက် ဆောင်ရွက်တဲ့အစီအစဉ်တစ်ရပ်ဖြစ်ပြီး ဒေသတွင်းနေထိုင်သူတွေအားလုံးကို ရည်ရွယ်ပြီး ရခိုင်၊ ဗမာ၊ ဘင်္ဂါလီဘာသာတွေနဲ့ထုတ်လွှင့်တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစိုးရကထုတ်လွှင့်နေတဲ့ မေယုအက်ဖ်အမ်နဲ့ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၀ မှာစတင်ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ကန့်ကွက်သွားဖို့ရှိတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
Photo: MOI Webportal Myanmar/ Facebook
( ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တွေ့ရစဉ် )
