ကမ္ဘောဒီးယားလိုအမြင်မျိုး ဒို့အစိုးရနှင့် ဒို့လွှတ်တော် မြင်တတ်ရမှာ

ကမ္ဘောဒီးယားလိုအမြင်မျိုး
ဒို့အစိုးရနှင့် ဒို့လွှတ်တော် မြင်တတ်ရမှာ။
ဝီရသူ (စိုးရိမ်)
7.2.2017
PM-5:09
-------------------------------------------------------------------------
"ဘင်္ဂါလီအရေးမှာ နိုင်ငံတကာပြဿနာမဟုတ်၊ မြန်မာပြည်တွင်းရေးဟု ဟွန်ဆန်ပြောကြား"
ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ ခရိုင်ပြည်နယ်တွင်းမှ ဘင်္ဂါလီပြဿနာကို နိုင်ငံတကာပြဿနာကြီးတစ်ရပ်သဖွယ် သတ်မှတ်ပြောဆိုဝေဖန်နေခြင်းအပေါ် အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က သဘောတူညီနိုင်ငံခြင်းမရှိဟု ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးက ပြောကြားကြောင်း Bangkok Post သတင်းဌာနက ရေးသားဖော်ပြသည်။ 
"ဘင်္ဂါလီ(ရိုဟင်ဂျာ)အရေးကိစ္စကို နိုင်ငံတကာနှင့်သက်ဆိုင်သောပြဿနာတစ်ရပ်အဖြစ် သတ်မှတ်နေမှုအပေါ် ကျွန်ုပ်တို့ မည်သို့မျှ သဘောမတူနိုင်ပေ။ အာဆီယံချာတာ(ပဋိညာဉ်)အရ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြား အာဏာပိုင်နက်ကို မည်သည့်အဖွဲ့အစည်းကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ"ဟု ဝန်ကြီးချုပ်ဟွန်ဆန်၏ ပြောကြားချက်ကို ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီး ကိုယူကန်ဟာရတ်သာက ပြောကြားသည်။

ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီး ကိုင်ယူကန်ဟာရတ်သာသည် ဖနွမ်းပင်မြို့သို့ အလည်အပတ်ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟွန်ဆန်၏ ပြောကြားချက်ကို ယင်းသို့ ပြန်လည်ပြောဆိုခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ မွတ်ဆလင်များ၏ အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်အပါအဝင် လူ့အခွင့်အရေးအုပ်စုများက ယင်းလူမျိုးစုသည် မြန်မာပြည်တွင်း ညှဉ်းပန်းနှိပ်စက်ခံနေရရုံမျှမက လူမျိုးတုံးသတ်ဖြတ်ခံရသည့်အန္တရာယ်နှင့်ပင် ရင်ဆိုင်နေရသည်ဟု ပြင်းပြင်းထန်ထန်စွပ်စွဲလျက်ရှိသလို ဘင်္ဂါလီအရေးကိစ္စသည် အာဆီယံနှင့် နိုင်ငံတကာ၏ အရေးကိစ္စအဖြစ် သတ်မှတ်ပြောဆိုလျက်ရှိသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကမူ ဘင်္ဂါလီမွတ်ဆလင်ပြဿနာသည် မြန်မာနိုင်ငံအတွက် ပြည်တွင်းရေးကိစ္စသက်သက်မျှသာဖြစ်သင့်သည်ဟု ဆိုကြောင်း ပြန်ကြားရေးဝန်ကြီး ကိုင်ယူကန်ဟာရတ်သာက ပြန်လည်ပြောဆိုသည်။
ဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေ့ဆုံရာတွင် မြန်မာသမ္မတဦးထင်ကျော်က မိမိ၏ သမ္မတသက်တမ်းမှာ ယမန်နှစ်ကမှ စတင်ခဲ့သည်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံဘက်မှ ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများ လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု Bangkok Post က ဖော်ပြသည်။
ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် သံတမန်ဆက်ဆံမှု ပိုမိုအားကောင်းလာရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် တိုရစ်ဇင်လုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာသမ္မတဦးထင်ကျော် ကမ္ဘောဒီးယားသို့ လေးရက်တာခရီးစဉ်အဖြစ် အလည်အပတ်ရောက်ရှိနေစဉ် ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ပြောဆိုမှုကြောင့် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ကမ္ဘောဒီးယားသည် အာဆီယံတွင် မလေးရှားနိုင်ငံကို ဆန့်ကျင့်သည့်သဘောထားအမြင်မျိုး ပထမဆုံး ထုတ်ပြလိုက်သည့် နိုင်ငံလည်းဖြစ်သွားသည်။
မကြာသေးခင်က ကုလသမဂ္ဂက ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင်များကို အစိုးလုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဓမ္မပြုကျင့်မှုများ ရှိနေသည်ဟု ဖော်ပြခဲ့ရာ ယင်းအစီရင်ခံစာကို စုံစမ်းစစ်ဆေးမည်ဟု မြန်မာအစိုးရက တုန့်ပြန်ခဲ့သည်။ 
6.2.2017 The Voice

Share: