ရခိုင်အရေး ကုလစွပ်စွဲချက် တုန့်ပြန်ရန် မြန်မာအစိုးရစီစဉ်

လူမျိုးတုံးသတ်ဖြတ်ခံရတယ်လည်းပြောသေး လူဦးရေက ဗေဒါ နဲ့ ရေမှော်တွေလို တိုးလာနေသေး ယုတ္တိရှိရှိလေး စွပ်စွဲကြပါဟ။ မောင်တောနဲ့ ဘူးသီးတောင်မှာ ဘင်္ဂလီကခြောက်သိန်းကျော် တိုင်းရင်းသားက သုံးသောင်းကျော်။ ဘယ်သူက လူနည်းစုလဲ? ခေါင်းတွေက ဦးနှောက်ဗလာဆိုရင်လည်း UN မှာ မလုပ်ကြပါနဲ့ဗျာ။

ဝီရသူ ( မစိုးရိမ် )
7.2.2017
pm 6:15

"ရခိုင်အရေး ကုလစွပ်စွဲချက် တုန့်ပြန်ရန် မြန်မာအစိုးရစီစဉ်"
By ထက်နိုင်ဇော် 7 February 2017
ရခိုင်ပြည်နယ် မောင်တောဒေသရှိ ပဋိပက္ခဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် လူနည်းစုမွတ်စလင်များအပေါ် အကြမ်းဖက်နှိပ်စက်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အစီရင်ခံစာကို အမြန်ုဆုံးတုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
ကုလသမဂ္ဂ အစီရင်ခံစာ၌ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ ၂၀၀ ကျော်ခန့်ကို ကုလသမဂ္ဂက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်း။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက "သူတို့တင်ပြတဲ့အချက်အလက်တွေကို လက်ခံတယ်၊ လက်မခံဘူးဆိုတာထက် ကိုယ်တို့လုပ်နေတဲ့ဟာတွေကို အချက်အလက်တွေနဲ့ ပြန်တင်ပြမယ်။ ကိုယ်လုပ်နေတဲ့ဟာတွေကို High Light လုပ်ပြီးတော့ ပီပီပြင်ပြင်ဖြစ်အောင် ဘာတွေလုပ်နေလဲဆိုတာကို ထင်ထင်ရှားရှားဖြစ်အောင် အဓိကပြောပြီးမှ တုံ့ပြန်သွားမှာပါ"ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအပေါ် မလိုလားသည့် အဖွဲ့အစည်းတချို့က ၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ မြန်မာ့အရေးကို ဆွဲတင်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အစိုးရပိုင်းက တုံ့ပြန်ပြောဆိုသည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာအပေါ် ပြန်လည်တင်ပြမည့်အချက်အလက်ကို ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း အဖြေထွက်လာမည်ဖြစ်ရာ လတ်တလောတွင် လုပ်ဆောင်ချက်ကို ထုတ်ဖော်ပြောဆိုရန် ခက်ခံကြောင်း၊ အစိုးရ၏ ရှင်းလင်းချက်များကို ကုလသမဂ္ဂရှိ မြန်မာအမြဲးတမ်းကိုယ်စားလှယ်ရုံးမှတဆင့် နိုင်ငံတကားသို့ တင်ပြနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးစားနေကြောင်း သိရသည်။
"သူတို့ကတော့ ဘက်ပေါင်းစုံလောက်ရအောင် တင်နေတာ။ ကျနော်တို့မှာလည်း ကိုဖီအာနန် ကော်မရှင်ရှိတယ်။ ဒီကော်မရှင်နဲ့ပတ်သက်ပြီး တုံ့ပြန်တဲ့အခါကျရင် ပါတဲ့အချက်တွေအပေါ် အခြေခံပြီးရင် သေချ ကျကျနန ညှိနှိုင်းပြီးတော့ တုံ့ပြန်သွားဖို့ ရှိပါတယ်"ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ရှင်းပြသည်။
မြန်မာအစိုရက ကုလသမဂ္ဂမှ ပြောဆိုထားသည့်အချက်အလက်များကို ခိုင်မာသည့်အထောက်အထားဖြင့် တင်ပြရန်အကြောင်းပြန်ထားပြီး စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လူ့အခွင့်ရေးမဟာမင်းကြီးဆီးမှာ အချက်အလက်တွေတောင်းထားတယ်။ ပြီးရင် ဒီဘက်ကလည်း စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့ ဥပဒေအတိုင်း မှန်မှန်ကန်ကန်လုပ်ဖို့ရှိတယ်"ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဆက်လက်၍ ၎င်းက ရခိုင်ဒေသတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သတိကြီးစွာထားရန်၊ ဥပဒေနှင့်အညီ လုပ်ဆောင်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ဆောင်ရန် အောက်ခြေအဆင့်ဆင့်ထိ ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှင်းပြသည်။
အစိုးရအနေဖြင့် ရခိုင်ဒေသတွင် ရဲတပ်ဖွဲ့လုပ်ဆောင်မှု ဗီဒီယိုဖိုင်များ ထွက်လာပြီးနောက်ပိုင်း ဖြစ်စဉ်တွင်ပါဝင်သည့် အရာရှိ ၂ ဦး၊ အခြားအဆင့် ၁ ဦးကို ရဲစည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်ကြောင်း သိရသည်။
ဦးဇော်ဌေးက "Human Right Violation နဲ့ပတ်သက်လို့ ဦးမြင့်ဆွေရဲ့ကော်မရှင်သက်တမ်းကာလအတွင်းမှာ စုံစမ်းတယ်။ တွေ့ရှိချက်တွေကို အစီရင်ခံစာတင်ဖို့လုပ်တယ်။ အစီရင်ခံစာတင်ဖို့ လုပ်နေစဉ်မှာပဲ နောက်ထပ်စွပ်စွဲချက်အသစ်တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတွက် မပြီးပြတ်သေးတော့ သူ့ကို Extension ပေးထားတယ်"ဟု ပြောသည်။
ဒု သမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ်အရေး စစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းတာဝန် ၂ ခုမှာ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် နိုဝင်ဘာလအတွင်းက ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ဖြစ်ပွားသည့်အကြောင်းရင်း၊ နောက်ပိုင်းတွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် စုံစမ်းစစ်ဆေးတင်ပြရန် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ရခိုင်ပြည်နယ်ရှိ လူနည်းစုမွတ်စလင်များအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိပ်စက်မှုများကျူးလွန်သည်ဟူသည့် ကုလသမဂ္ဂအစီရင်ခံစာအပေါ် အမေရိကန်ပြည်ထောင်စုက လွန်စွာစိတ်ကသိကအောက်ဖြစ်ရကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကတီနာ အဒမ်က မြန်မာအစိုးရအား အစီရင်ခံစာပါ တွေ့ရှိချက်များကို အထူးအလေးထား စဉ်းစားရန်နှင့် အကာအကွယ်ပေးရေး ကြိုးပမ်းချက်များ ၂ ဆ ပြုလုပ်ရန်၊ စွပ်စွဲချက်များအပေါ် စေ့စပ်သေချာစွာနှင့် ယုံကြည်လောက်အောင် စုံစမ်းဖော်ထုတ်သင့်ကာ ယင်းဒေသအတွင်းသို့ လူသားချင်းစာနာမှု အကူအညီနှင့် သတင်းမီဒီယာများ သွားရောက်ခွင့်ရရေးကို မြန်မာအစိုးရထံ ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။
Topics: UN
http://burma.irrawaddy.com/news/2017/02/07/129981.html
Share: