အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ်က Vanguard of Terrorism ဟု ရခိုင်ဒေသ မြန်မာ့နယ်ခြားစောင့်တချို့ အတိုက်ခံ၊ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍CNN မေးမြန်းခန်းတွင် အတိအလင်း သုံးနှုန်းခဲ့သည်။ ရေနံရောင်းနိုင်ငံများ၏ နောက်ခံငွေနှင့် ကမ္ဘာ့မီဒီယာများကို အသုံးချနေခဲ့သော မလေးရှား၊ အင်ဒိုနီးရှားတို့သည် ရှေ့တန်းရဲစခန်းများအား မည်သူက ဦးစွာအကြမ်းဖက်တိုက်ခိုက်သည်ကို ထိမ်ချန်၍ လိုရာဆွဲ၊ ပုံသွင်းလိမ်ညာနေခဲ့သည့်အပေါ် အမေရိကန်သံအမတ်ကြီးက တည့်တည့်သတိပေးသွားခဲ့ခြင်းဖြစ် သည်။
အကြမ်းဖက်တို့၏ ရှေ့ပြေးတမန်တော်ဟူသော သံအမတ်ကြီး၏ အသုံးနှုန်းနောက်ဝယ် အန္တရာယ်တစ်စုံ တစ်ရာရှိနေကြောင်း သိသာလှပါသည်။ နှစ်ရက်၊ သုံးရက်အကြာမှာပင် မလေးရှားအကြမ်းဖက် တန်ပြန်နှိမ် နှင်းရေးအဖွဲ့က မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်လာမှုကို တိုးပြီး ရင်ဆိုင် လာရဖွယ်ရှိသည် ဟု ထုတ်ဖော်ပြောဆိုလာသည်။ ဖြစ်ရပ်များနှင့် ပစ္စက္ခအခြေအနေအရလည်း သိသာထင် ရှားလှပါသည်။
ဤမျှလောက်ဖြစ်နိုင်ချေများလာနေသော အခြေအနေမျိုးတွင် သက်ဆိုင်ရာတာဝန်ရှိသူတို့အနေ ဖြင့် ခပ်ပေါ့ပေါ့တွေး၊ ပြဘည်သူတို့ကလည်း မစည်းလုံး၊ မညီညွတ်ကြလျှင် ခံလိုက်ကြတော့ဟုသာ ဆိုရတော့မလို ပင်။
နယ်မြေချဲ့ချင်နေတယ်၊ မယုံမရှိပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
နှုတ်ကမည်သို့ အလိမ္မာနှင့်ဆိုကြပါစေ၊ လက်တွေ့ဖြစ်စဉ်များအရလည်းကောင်း၊ အကြမ်းဖက်တန်ပြန် ရေးသတင်းများအရလည်းကောင်း၊ မြန်မာနိုင်ငံအပေါ် နယ်မြေချဲ့ထွင်ရေးမှာ သူတို့၏ အစီအစဉ်တွင် အမှန် တကယ်ပါဝင်ထားခဲ့ပြီး မြန်မာနိုင်ငံကို ထည့်သွင်းထားသောပုံမှာ အင်တာနက်တွင် လူတိုင်း၊ တွေ့နိုင်ဖတ်နိုင် သော သတင်းဖြစ်ပါ၏။
ရခိုင်ပြည်နယ်ပဋိပက္ခတွင် အကြမ်းဖက်သမားတို့က စတင်တိုက်ခိုက်၍ ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည်။ စစ်ဆင်ရေးလုပ်ပြန်သောအခါ စစ်ဆင်ရေးသဘာဝ၏ပုံတချို့ကိုယူ၍ မဟုတ်မမှန် သတင်းဖြန့်ကြသည်။ စစ် ဆင်ရေးတွင် စစ်ဆင်ရေးကဲ့သို့သာ ပြုမူတတ်ရပါသည်။
အကြမ်းဖက်နှင့်ရွာသား ရောနှောနေသောနေရာတွင် ခေါင်းပေါ်လက်တင်စေပြီးခွဲခြားမှု၊ တွန်းတွန်းတိုက်တိုက် ခပ်ကြမ်းကြမ်းလုပ်ဆောင်မှုကို ဖိနှိပ်သည်ဟု သတင်း ဖြန့်ကြသည်။
စစ်ဆင်ရေးနယ်မြေတွင် အလှူပွဲကဲ့သို့ ဘယ်နိုင်ငံကမှ မဆက်ဆံကြပါ။ ဤသည်ကို မွတ်ဆလင် များအားဖိနှိပ်သည်ဟု ဘာသာရေးဘက်ဆွဲသွင်းခဲ့ကြသည်။
အင်ဒိုနီးရှားအကြမ်းဖက်သမားတစ်ဦးကို မလေးရှားက ဖမ်းမိခဲ့သည်။ မြန်မာက ဘင်္ဂါလီများကို သူ့လို ထောက်ခံထောက်ခံသူ အများအပြား ရှိနေသေးသည်ဟု အကြမ်းဖက်နှိမ်နှင်းရေးအရာရှိ Ayob Khan ကပြောသည်။
ဆီးရီးယားက Muhammad Qanndy, Muhammad Jedi နဲ့အဆက်အသွယ်ရှိကြောင်း သိရတယ်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်ပြီးဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ ကြံစည်ထားကြတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်က မွတ်ဆလင်တွေဟာ အရှေ့အလယ်ပိုင်းကိုသွားပြီး အိုင်အက်စ် အဖွဲ့ထဲ ဝင်ကြတယ်။
အိုင်အက်စ်အစွန်းရောက်အဖွဲ့၊ ဒါမှမဟုတ် အခြားအဖွဲ့တွေဟာ သူတို့ရဲ့မွတ်ဆလင်ညီအကိုတွေဖြစ်တဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာဆိုသူ)တွေကို ကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်တဲ့ အလားအလာ တော်တော် များများကို တွေ့နေရတယ်တဲ့။

ဒါတွေဟာAyob Khan ရဲ့ပြောကြားချက်တွေပါ။
အစွန်းရောက်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ မလေးရှားအခြေစိုက် ပြောခွင့်ရပုဂ္ဂိုလ် BadrulHisha m Ismailက မလေးရှားနိုင်ငံတွင်းမှာ ဘင်္ဂါလီတွေကို စည်းရုံးသိမ်းသွင်းနေတဲ့ မလေးရှားစစ်သွေြး<ွကကွန်ရက် တစ်ခုကို ရှာဖွေတွေ့ရှိထားတယ်။

အဖွဲ့သစ်တွေကို ဆူလာဝေစီကျွန်း(အင်ဒိုနီးရှား) အလယ်ပိုင်းကPoso ဆိပ်ကမ်းမြို့မှာ အကြမ်းဖက်သင်တန်းတက်ဖို့ လွှတ်ထားတယ်ဟုဆိုသည်။
ICG (International Crisis Group)ဆိုသည်မှာ အသေအချာဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်၏။
ICG (International Crisis Group)ဆိုသည်မှာ အသေအချာဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်၏။
ထိုICG အစီရင်ခံစာကို ဖတ်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် အကြမ်းဖက်ရန် မည်မျှများပြားကြောင်း သိရပါလိမ့်မည်။ ၂ဝ၁၆-နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သောICG အစီရင်ခံစာအရ ရခိုင်ပြည်နယ်၊ မောင်တောဒေသ၊ ရှေ့တန်းရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်သွားသော အကြမ်း ဖက်သမားများမှာ ဆော်ဒီအခြေစိုက် Harakagh AI-Yaqin ဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားပြီး ဆော်ဒီမှ ငွေကြေး၊ ထောက်ပံ့ပစ္စည်းများ၊ အကြမ်းဖက်သင်တန်းများ စီစဉ်ပေးခဲ့ပါသည်။
အကြမ်းဖက်မှုသည် စီးပွားရေး၊ သြဇာဖြန့်ကြက်ရေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆော်ဒီကဲ့သို့သော ရေနံဖြင့် ချမ်းသာသည့်နိုင်ငံများမှ ခေါင်းဆောင်များသည် အကြမ်းဖက်ပြန့်ပွားရေးကို နောက်ခံထားပေးခြင်းမှာ ၄င်းတို့၏ သြဇာဖြန့်ကြက်နိုင်ရေးအတွက်ဖြစ်သည်။

လွဲမှားစွာယုံကြည်မှု၏ တွန်းအား၊ မောင်းနှင်အားများကြောင့် အကြမ်းဖက်များကို နည်းလမ်းအဖုံဖုံဖြင့် ငွေကြေးထောက်ပံ့
ခဲ့ခြင်းဖြစ်သည်။ ဆော်ဒီမှ အကြမ်းဖက်ထောက်ပံ့ခြင်းအကြောင်းမှာ ယခုမှသာ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့ကြသော်လည်း ဆယ်စုနှစ် တစ်ခု မတိုင်မီကတည်းက ထောက်ပံ့ခဲ့သည်ကို လေ့လာသူများ သိရှိခဲ့ကြပြီးဖြစ်သည်။
ခဲ့ခြင်းဖြစ်သည်။ ဆော်ဒီမှ အကြမ်းဖက်ထောက်ပံ့ခြင်းအကြောင်းမှာ ယခုမှသာ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့ကြသော်လည်း ဆယ်စုနှစ် တစ်ခု မတိုင်မီကတည်းက ထောက်ပံ့ခဲ့သည်ကို လေ့လာသူများ သိရှိခဲ့ကြပြီးဖြစ်သည်။
အိုဘားမား၊ ဟီလာရီကလင်တန်တို့နှင့်ပတ်သက်၍ အကြမ်းဖက်နှင့် အဆက်အစပ်ကိုYoutube တွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချခဲ့၏။
ဝီကီကလည်း ဖွင့်ချခဲ့၏။ ပူတင်ကလည်း အထောက်အထား၊ ကောင်းကင် ဓာတ်ပုံများနှင့် ထုတ်ဖော်ခဲ့သည်မှာ အတော်ထိရောက်ခဲ့သည်။ အကြမ်းဖက်ထောက်ပံ့ရာနိုင်ငံ၊ လူပုဂ္ဂိုလ်၊ ကြားခံပုဂ္ဂိုလ်၊ ဘဏ်အမည်၊ ငွေကြေးပမာဏမှအစ ငွေကြေးစီးဆင်းလွှဲပြောင်းပုံအဆင့်ဆင့်ကို ပုံများနှင့်တကွ ထုတ်ဖော်လာခဲ့ကြသည်။
အထူးသဖြင့် ဟီလာရီကို ပစ်မှတ်ထား၍ ထုတ်ဖော်ခဲ့ကြပြီး အိုဘားမားကို ခရစ်ယာန် အစစ်မဟုတ်ဟု စွပ်စွဲမှုများလည်း ထွက်ပေါ်လာခဲ့သည်။
အကြမ်းဖက်များထံမှ ငွေကြေးလက်ခံခြင်း၊ အကြမ်းဖက်နိုင်ငံများသို့ လက်နက်ရောင်းချပေးခြင်းများမှ အချို့ငွေကြေး အကျိုးစီးပွားများစွာ ရရှိခဲ့ကြသည်။ ဟီလာရီမှာ အကောင်းဆုံးသော သာဓကတစ်ဦးဖြစ်သည်။ ချမ်းသာသည့်နိုင်ငံ၊ြ<ွကယ်ဝသည့်သူများမှ ထောက်ပံ့သော
ဒေါ်လာသန်းပေါင်းများစွာသည် အဆင့်ဆင့်ဖြတ် သန်းခံသော သူများကို တစ်စုံတစ်ရာ ငွေကြေးအမြတ်အစွန်းကြီးမားစွာ ကျန်ရစ်စေခဲ့သည်။

ဘာသာရေးမှိုင်းမိခံ၊ လူမျိုးရေးမှိုင်းမိခံလူများက အကြမ်းဖက်ကြသည်။ သေစရာရှိ သူတို့အသက် အသေခံသွားကြရှာသည်။ ဤသို့ သေဆုံးလျှင်ပင် ကောင်းရာဘုံဘဝရောက်ရှိသည်ဟု မှိုင်းတိုက်ထားကြသည်။
ဆိုရလျှင် အကြမ်းဖက်လုပ်ငန်းသည် အသိနည်းသူတို့အတွက် မစို့မပို့ထောက်ပံ့ငွေဖြင့် အသက်အသေ ခံကြရပြီး အကြမ်းဖက်လုပ်ငန်းစီစဉ်ပေးကြသူများမှာ ဘာသာရေး၊ လူမျိုးရေးကို ဗန်းပြပြီး စီးပွားဖြစ်နေကြသူများ ဖြစ်သည်။ အကြမ်းဖက်သည် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။
သိလျက်နှင့် နှုတ်ဆိတ် နေသောနိုင်ငံများလည်း ရှိကြသေးသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများစွာ၌ ဖြစ်နေသော ပြည်တွင်းစစ်သည် အတော်ကြီးမား၍ ကျယ်ပြန့်၏။ စစ်ဖြစ်ရာနေရာများသည် မိမိတို့နိုင်ငံမှ တီထွင်ထားသော လက်နက်များ စမ်းသပ်ရာနေရာများ ဖြစ်လာခဲ့ကြသည်။ လက်နက်များ တင်ပို့ရောင်းချရာနေရာများ ဖြစ်လာခဲ့ကြသည်။ ထိုမှ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။
ပြိုင်ဘက်လက်နက်ထုတ်နိုင်ငံများ၏ မည်သို့သော လက်နက်မျိုး ပိုင်ဆိုင်ထားကြသည်။ စစ်ရေးတွင် မည်သို့သော အရည်အသွေးရှိကြသည်ဟူသည့် သုတေသနပြုရာ စစ်တွင်းကြီးအဖြစ်လည်း သဘောထား၍ အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်ခဲ့ကြသည်။
စစ်ဖြစ်ရာနေရာများမှ ရေနံတွင်းများကို သိမ်းပိုက်ပြီး ရေနံများကိုမှောင်ခိုဈေးကွက်ထုတ်ရောင်းကာ ပြိုင်ဘက်နိုင်ငံများကို အင်အားချိနဲ့အောင် လုပ်နိုင်ခဲ့ကြသည်။ ထိုရေနံများကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ကြပြီး မိမိတို့နိုင်ငံအကျိုးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြန်သည်။ ထို့ပြင် ရှေးပဝေသဏီကတည်းက ကျောင်းတော်က ရန်စရှိခဲ့ကြသော ဆွန်နီ-ရှီးအိုက် ကို ဘတစ်ပြန် ကျားတစ်ပြန်တိုက်ခိုက်စေခြင်းဖြင့် အစ္စလာမ်လူမျိုးများကို လူဦးရေလျှော့ကြသည်။
ဓနဥစ္စာခမ်းပါးစေသည်။ ရေနံမှရသောဝင်ငွေကို စစ်အသုံးစရိတ်တွင် ပြန်၍သုံးစွဲစေ ခြင်းဖြင့် ချမ်းသာကြွယ်ဝမှုကို တိုးပွားမလာအောင် လုပ်ဆောင်နိုင်၏။
အီရတ်၊ အီဂျစ်၊ ဆီးရီးယားစသော နိုင်ငံများ၊ အတော်ကြေမွသွားခဲ့သည်။ တစ်ချိန်က သာယာပျော်ရွှင် ဖွယ်ရာကောင်းလှသောမြို့များ အနိဋ္ဌာရုံထီးထီး ဖြစ်သွားခဲ့ကြသည်။
စစ်ပွဲများသည် နောက်ထပ် ဆယ်စုနှစ်တစ်ခု အထ ပြီးပြတ်နိုင်ဖွယ်ရာမရှိသေး။ ထိုကာလအတွင်း မည်မျှချွတ်ခြုံကျသွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။ တကယ်တမ်း အခု စစ်ပွဲများပြီးဆုံးသည်ဆိုပါလျှင်ပင် မြို့ပြပြန်လည်တည်ဆောက်ရေးအတွက် ကြီးမားသော ကုန်ကျစရိတ်ရှိလာပါလိမ့်မည်။
အစိုးရများအနေဖြင့် အခြေခံအဆောက်အဦးကို မတည်ဆောက်နိုင်ပါက ပြန်လည်ထူထောင်ရေးကို မဆောင်ရွက်နိုင်ပါက ထိုနိုင်ငံများမှာ ယခင်ကဲ့သို့ ခပ်မာမာနိုင်ငံများအဖြစ်သို့ ပြန် လည်ရောက်ရှိရန် အိမ်မက်ပင် မက်ခွင့်ရှိတော့မည် မဟုတ်ချေ။
ယခုပင် နိုင်ငံတစ်ခုခု၏သြဇာခံ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရလေပြီ။ တစ်ချိန်တွင် သြဇာခံအဖြစ် ပို၍ပီပြင် လာပါဦးမည်။ နိုင်ငံတစ်ခု၏ သြဇာခံဖြစ်လာခဲ့လျှင် ထိုနိုင်ငံ၏ ရှေ့ရေးကို စဉ်းစားနိုင်သည့် ထားရာနေ စေရာ သွား ဖြစ်သွားပါလိမ့်မည်။
အကြမ်းဖက်ကို အစပျိုးရာသည် ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလို မြစ်ဖျားခံရာကို လူတိုင်းသိလာခဲ့ကြလေပြီ။ သို့သော်လည်း အကြမ်းဖက်သည်ဥာဏ်ကြီးရှင်တို့၏ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေသည်ကို သတိမူမိသူ နည်းပါးနေလိမ့်ဦးမည်။
အသိနည်းသူတို့၏ အသက်စတေးခံရာ စီမံကိန်း၊ အသိကြီး သူတို့၏ မြိုးမြိုးမြက်မြက်ရရာ စီးပွားရေး ဖြစ်လာခဲ့ပါ၏။
အင်အားကြီးသူတို့အလယ် မြေဇာပင်ဖြစ်ရသည်က မြန်မာနိုင်ငံကဲ့သို့ တတိယနိုင်ငံများ ဖြစ်လာခဲ့သည်။ အခန့်မသင့်လျှင် ထိုအကျိုးဆက်ကို ခါးသီးစွာ ခံစားလိုက်ရနိုင်သည်။ များမကြာမီ အမေရိကန်တွင် သမ္မတအ ပြောင်းအလဲ ရှိလာပါလိမ့်မည်။အိုဘားမားကို အမေရိကန်အားဖျက်ဆီးသွားခဲ့သူဟု စွပ်စွဲမှုကြီးမားနေသည်။ ထရမ့်က အကြမ်းဖက်ဆိုင် ရာကိစ္စတွင် အိုဘားမားနှင့်ပြောင်းပြန် မဟာဗျူဟာကို ယုံကြည်ထားသူဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ အကြမ်း ဖက်များကို ကုန်စင်အောင် အမြစ်ဖြတ်နိုင်လိမ့်မည်မဟုတ်။ သို့သော်လည်း နေရာ၊ ရှင်သန်စရာအတော်ပင် ခက်ခဲလာစေမည်မှာ အမှန်ပင်။ သို့ရောအခါ ထိုဒေသမှ အကြမ်းဖက်များသည် လုံခြုံရေးအရ အင်အားနည်း ပါးသည့်နိုင်ငံများသို့ အကြမ်းဖက်ရေစီးကြောင်း စီးဆင်းသွားရပါလိမ့်မည်။
မြန်မာနိုင်ငံသည် အကြမ်းဖက်ရေစီးကြောင်း စီးဆင်းရန် လွယ်ကူသောနိုင်ငံဖြစ်နေပြီး အနီးနားရှိ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့ကဲ့သို့ အကြမ်းဖက်နှင့်ဆက်စပ်နေသော နိုင်ငံများနှင့် အိမ်နီးချင်းဖြစ်နေခြင်းက လည်း အတော်ပင်စိုးရိမ်ဖွယ်ရာကောင်းသည့် ပထဝီအနေအထားဖြစ်နေပါသည်။
အစိုးရအနေဖြင့် လေးလေးနက်နက် တွေးတော၊ မြော်မြင်၊ သတိရှိရှိ ပြတ်ပြတ်သားသားဆောင်ရွက် နိုင်ပါမှ တော်ရုံကျမည့်အရေးဖြစ်သည်ဟု သတိပေးလိုပါသည်။
"နေဇင်လတ်"
မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၀)
''#မဘသ(ဗဟို)_Online_Media''