မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး (၄)ပါးအထိမ်းအမှတ်ပူဇော်ပွဲနှင့် စာအောင်သံဃာများဂုဏ်ပြုပူဇော်ပွဲ


တပို့တွဲလဆန်း (၈)ရက်၊ 4.2.2017 ရက်နေ့၊ နေ့ ၁၂း၃၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်း တတိထပ်မှာ ကျင်းပပါတယ်။
မစိုးရိမ်ကျောင်းတိုက်(တိုက်ဟောင်း) ပါဠိနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကနှင့် နာယကဆရာတော်များ၊ စာအောင်သံဃာတော်များ၊ မစိုးရိမ်ကျောင်းသားဟောင်း လူပြန်တော်အဖွဲ့ဝင်များ၊ မစိုးရိမ်တိုက်သစ် ဂေါပကအဖွဲ့နှင့် ဝိသာခါအဖွဲ့များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်း သာသနာရေးညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်၊ စည်ပင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စတဲ့ ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ကြပါတယ်။
စာအောင်သံဃာတော်များအား ဓမ္မမဟိဒ္ဓိကျောင်းသို့ တန်းစီပင့်ဆောင်ပြီး နမောတဿ သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို စတင်ပါတယ်။ 
မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလ ခံယူခြင်း၊ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံထံမှ သြဝါဒကထာ နာယူခြင်း၊ မစိုးရိမ်တိုက်သစ် မဟာနယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံမှ အထိမ်းအမှတ်ပူဇော်ပွဲနှင့် စာအောင်သံဃာများ ဂုဏ်ပြုပူဇော်ပွဲကျင်းရခြင်းအကြောင်းများ ရှင်းလင်းမိန့်ကြားခြင်း၊ စာအောင်သံဃာများ၏ ထေရုပ္ပတ္တိအကျဉ်းဖတ်ကြားကာ အောင်လက်မှတ်နှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသထံမှ ရေစက်ချ အနုမောဒနာတရားနာယူခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာပြီုးဆုံးစေခဲ့ပါတယ်။

မစိုးရိမ်တိုက်သစ်၌ စာအောင်သံဃာတော်များမှာ
၁။ အစိုးရဓမ္မာစရိယ စာချတန်းအောင် (အဂ္ဂမဟာအကျော်) (၁)ပါး၊
၂။ စေတိယင်္ဂဏ စာချတန်းဘွဲ့ရ (၁)ပါး၊
၃။ သကျသီဟ စာသင်တန်းအောင် (၄)ပါး၊
၎။ စေတိယင်္ဂဏ စာသင်တန်းအောင် (၁)ပါး၊
၅။ အစိုးရဓမ္မာစရိယ စာချဘွဲ့ရ (၂၂၈)ပါး၊
၆။ ပထမကြီးတန်း (ဒုတိယ)အထူးအောင် (၁)ပါး၊
၇။ ပထမကြီးတန်းအောင် (၆၃)ပါး၊
၈။ ပထမလတ်တန်းအောင် (၅၆)ပါး၊
၉။ ပထမငယ်တန်း (ဒုတိယ) အထူးအောင် (၁)ပါး၊
၁၀။ ပထမငယ်တန်းအောင် (၅၆)ပါး၊
၁၁။ သကျသီဟ သာမဏေကျော် (တတိယဆင့်အောင်) (၁)ပါး၊
၁၂။ သကျသီဟ သာမဏေကျော် (ဒုတိယဆင့်အောင်) (၆)ပါး၊
၁၃။ သကျသီဟ သာမဏေကျော် (ပထမဆင့်အောင်) (၁၅)ပါး၊
စုစုပေါင်း (၄၅၀)ပါးရှိပါတယ်။
-ဝီရ ခေမိန်-




Share: