တိုင်း မဘသ ဦးဆောင်ဆရာတော်များ မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ကြီးထံ စုပေါင်းသြဝါဒခံ


31.1.2017 ရက်နေ့၊ ညနေ ၆း၀၀ နာရီ။ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်မှာ ရွာမဆရာတော်ကြီးအား သြကာသကန်တော့ချိုးဖြင့် သံပြိုင်ရှိခိုးကြပါတယ်။ ရွာမဆရာတော်ကြီးက သြဝါဒချီးမြှင့်ပါတယ်။
ရန်ကုန်တိုင်း မဘသ ဥက္ကဋ္ဌဆရာတော်က နေ့လည်ပိုင်း တိုင်းအစည်းအဝေးဆုံးဖြတ်ချက်ကို လျှောက်ထားပါတယ်။ ရန်ကုန်တိုင်း ခရိုင်လေးခုကိုယ်စားပြု တိုင်း မဘသ ဦးဆောင်ဆရာတော် ၁၂ ပါးက တစ်လှည့်စီ ရုံးထိုင်ကာ မဘသ(ဗဟို)ကို အားဖြည့်မည့်အကြောင်း လျှောက်ထားတဲ့အခါ ရွာမဆရာတော်ကြီးက ဝမ်းမြောက်ဝမ်းသာရှိလှကြောင်း ကျေးဇူးစကား မိန့်ဆိုပါတယ်။
2.2.2017 ရက်နေ့မှစပြီး အရှေ့ပိုင်းခရိုင်ဆိုင်ရာ တိုင်း မဘသ ဦးဆောင်ဆရာတော်များ မဘသ(ဗဟို)မှာ ရုံးထိုင်အားဖြည့်နေပါပြီ။



Share: