ကျေးဇူးရှင် ဝါဆိုဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ခြင်းအခမ်းအနား

ဒီနေ့ တပို့တွဲလပြည်ကျော် ၇ ရက်၊ 18.2.2017 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီမှာ အခမ်းအနားကျင်းပပါတယ်။ 
ဝိသုဒ္ဓါရုံကျောင်းတိုက် အလယ်တိုက်ကြီးမှာ ကျင်းပတာပါ။ 
အခမ်းအနားအပြီးမှာ ရုပ်ကလာပ်တော်ကို ဒေါင်းယာဉ်ပျံပေါ်သို့ ပင့်ဆောင်ကြပါတယ်။ 
နောက်ဆုံးမီးပူဇော်တာက မန်းတောင်ခြေ အားကစားကွင်းမှာပါ။ 
ယာဉ်တန်းကြီးက များ၊ ပူဇော်သူတွေက များ၊ ကုသိုလ်ပြုသူတွေက များ၊ ညနေ ၆း၀၀ နာရီမှာ ဒေါင်းယာဉ်ပျံကြီး ဆိုက်ရောက်လာပါတယ်။ 
သီတဂူဆရာတော်ကြီးအမှူးပြုသော ထေရ်ကြီးဝါကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ကြီးအမှူပြုသော တပ်မတော်အကြီးအကဲများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်အမှူးပြုသော အစိုးရအကြီးအကဲများက ရုပ်ကလာပ်တော်ကို ပြဿာဒ်တော်ခြေရင်းအထိ ပို့ဆောင်ပူဇော်ကြပါတယ်။ 
ည ၇း၀၀ နာရီထိုးခါနီးမှာ အဂ္ဂိဈာပန မီးပူဇော်ပွဲ စတင်ပါတယ်။ အင်မတန်စီကားတဲ့ဈာပနပွဲတော်ကြီးပါ။ စာရေးသူရဲ့ ဖခင်ကြီးလို အဖိုးလို ကျေးဇူးကြီးတဲ့ ဆရာတော်ကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပူဇော်ခွင့် ရုပ်ကလာပ်တော် သယ်ဆောင်ခွင့် ရခဲ့တာ အဖိုးမဖြတ်နိုင်တဲ့ မဟာကုသိုလ်တွေပဲ ဖြစ်ပါတယ်။ 
ကျေးဇူးရှင် ဝါဆိုဆရာတော်ဘုရားကြီး နတ်ဘုံနတ်နန်းမှနေ၍ မြေးတော်လူဆိုးလေးကို သံယောဇဉ်ကြီးစွာ ဆက်လက်စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်နေပါတယ်။


Share: