မစိုးရိမ်တိုက်သစ် ဆွမ်းလောင်း ဆွမ်းကပ်အလှူတော်

၁၃၇၈-ခု၊ တပို့တွဲဆန်း ၁၃ ရက်၊ (9.2.2017)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ရှိ နာယက၊ စာချ၊ စာသင် သံဃာတော်(၂၅၁၃)ပါးတို့အား လောင်းလှူဆက်ကပ်ခြင်း ဖြစ်ပါတယ်။
အလှူရှင်များက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း ၆၈×၆၉ လမ်းကြားနေ မိခင်ကြီးဒေါ်နန်းစိန်ပွင့်အားရည်စူး၍ ဦးသန်းဇော်+ဒေါ်နန်းအေးသိန်း (စိမ်းဥယျာဉ် ကျောက်မျက်ကုမ္ပဏီ) မိသားစုပါ။
နံနက် (၈း၀၀)နာရီမှာ စာသင်သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်များ လောင်းလှူပြီး (၁၀း၃၀)နာရီမှာ နာယကနှင့် စာချသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။ ဆွမ်းခဲဘွယ်များလောင်းလှူခြင်းအပြင် စာချ ကျမ်းပြီးသံဃာတော် တစ်ပါးလျှင် မာတင်သင်္ကန်းဒွိစုံ တစ်စုံစီနှင့် နဝကမ္မဝတ္ထု ၁၀၀၀၀ိ/ (တစ်သောင်းကျပ်)စီ၊ စာသင်သားသံဃာ တစ်ပါးလျှင် ၅၀၀၀ိ/ (ငါးထောင်ကျပ်)စီ ဆက်ကပ်လှူဒါန်းပါတယ်။

မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသမှ ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပါတယ်။
ဝီရ ခေမိန်



Share: