မြစ်ကြီးနားထောင်မှာ ဆယ်ရက်စခန်း ၁၁ ကြိမ် တရားပြခဲ့ပါတယ်။ H I V ယောဂီတွေကို မေတ္တာရှင်ရိပ်သာမှာ တရားပြခဲ့ဖူးပါတယ်။
ဝိပဿ နာမဟောတာက ဟောသူတွေပေါလို့ပါ။ အမျိုးသားရေးဟောတာက ဟောမည့်သူရှားလို့ပါ။ ဝိပဿ နာဈေးကွက်ကြီးမားမှန်းသိပါတယ်။
ဝိပဿ နာဟောသူတွေ ဘုန်းကံကြီးမားမှန်းလည်း သိပါတယ်။
ဝီရသူလည်း သူတို့လို ကြီးပွါးချမ်းသာချင်တာပါပဲ။ ဒါပေမဲ့

တန်ဖိုးရှိတဲ့အရာတိုင်း အကာအကွယ်လိုအပ်တယ်ယုံကြည်လို့ လုံခြုံရေးပဲ ဟောတာပါ။ တကယ်လို့ နာချင်သပဆိုရင် ဝိပဿ နာဟောပေးပါ့မယ်။ ရဟန်းသံဃာတွေကို စော်ကားနေတဲ့သူတိုင်း အမျိုးသားရေးတရား မလိုအပ်ဘူးထင်နေသူတိုင်းအတွက် ပြီးတော့ ဝိပဿ နာ မဟောတတ်ဘူးထင်နေသူများအတွက် စိတ်တိုင်းကျ တရားရစေရမယ်လို့ အာမခံပေးပါတယ်။

ဝီရသူ (မစိုးရိမ်)
6.2.2017
pm 4:23



Share: