ရခိုင်ပြည်နယ်မှဘင်္ဂါလီပြဿ နာကို နိုင်ငံတကာပြဿဿ နာတစ်ခုအဖြစ်အဖြေရှာဖို့ကြိုးပမ်းနေမှုအား ကမ္ဘောဒီးယားနိုင်ငံကလက်မခံကြောင်း MNTV 6နာရီသတင်းမှာကြေညာသွားပါတယ်

ဘင်္ဂါလီအရေး နိုင်ငံတကာအရေးလုပ်တာကို ကမ္ဘောဒီးယားက သဘောမတူကြောင်း။ ကမ္ဘောဒီးယား နိုင်ငံ ဗုဒ္ဓသာသနာပြန့်ပွားရေးအ တွက် မြန်မာနိုင်ငံနှင့်လက်တွဲလိုကြောင်း.သမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
ဘင်္ဂါလီ(ရိုဟင်ဂျာ) အ ရေးအား နိုင်ငံတကာအရေးပြု လုပ်ခြင်းကို ကမ္ဘောဒီးယားက သ ဘောမတူကြောင်း သမ္မတဦးထင် ကျော်နှင့်ဖေဖော်ဝါရီ ၄ ရက်တွေ့ ဆုံစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကပြောသည်။
မြန်မာနိုင်ငံရှိ ဘင်္ဂါလီ(ရို ဟင်ဂျာ) အရေးအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို သ ဘောမတူကြောင်း ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပြီး ယင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သင့်သည်ဟုဆိုသည်။
‘‘ရိုဟင်ဂျာ(မူရင်း အသုံးအ နှုန်း) အရေးကို နိုင်ငံတကာအရေး ပြုလုပ်မှုအပေါ် ကျွန်တော်တို့သ ဘောမတူပါဘူး။ နောက်ပြီး အာ ဆီယံ သဘောတူညီချက်အရ လည်း အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ ရဲ့အချုပ်အခြာအာဏာကို ဘယ် နိုင်ငံမှ ၀င်စွက်ဖက်ခွင့်မရှိပါဘူး’’ ဟုဝန်ကြီးချုပ်ဟွန်ဆန်က သမ္မတ ဦးထင်ကျော်အား ပြောကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန် ကြီး Khieu Kanharthth က ပြောကြားသည်။
ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ သာသနာပြန့်ပွားရေးအတွက် မြန်မာနိုင်ငံက လိုအပ်သည့် အကူအညီများ ဆက်လက် ထောက်ပံ့ကူညီရေးနှင့် နှစ်နိုင်ငံပူးတွဲကော်မရှင်အစည်းအဝေးကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယားသို့ချစ်ကြည် ရေးခရီးရောက်ရှိနေသောသမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်နှင့် စနေနေ့ နံနက်တွင် ငြိမ်းချမ်းရေးနန်းတော် ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
7Day News


Share: