ဗန်းမော်ပုံပြင်

ခွေးထီးလိုကျင့်သော ခွေးမတစ်ကောင်ရှိခဲ့သည်။
အားကြီးသောခွေးမ ဖြစ်၏။
ထို့ကြောင့် ခွေးထီးများလုပ်သလို လိုက်လုပ်၏။
ခွေးထီးဟောင်လျှင် လိုက်ဟောင်၏။
ခွေးထီးအူလျှင် လိုက်အူ၏။
ခွေးထီးပြေးလျှင် လိုက်ပြေး၏။
ခွေးထီးခုန်လျှင် လိုက်ခုန်၏။
အရာအားလုံး အဆင်ချော၏။
ထို့ကြောင့် ခွေးမသည် ခွေးထီးများကို အထင်မကြီး။
ငါလည်း နင်တို့လို လုပ်တတ်တယ် ဟု အမြဲကြွေးကြော်နေတတ်၏။
တစ်နေ့သောအခါ သခင်နောက်အမဲလိုက်သွားရင်း ခွေးထီးလုပ်သမျှ လိုက်လုပ်ရာ သေးပန်းသည့်အခါ ဘဝမှန်ကို သိရှိသွားလေသည်။
ခွေးထီးသေးပန်းသည့်အခါတိုင်း လိုက်ပန်းရာ သေးသည် ရှေ့ပန်းမထွက်ဘဲ နောက်ပန်းထွက်သောကြောင့် ဖြစ်၏။
ထိုအခါကျမှ ခွေးထီး၏ အခန်းကဏ္ဍကို ကောင်းကောင်းကြီး သဘောပေါက်သွားလေသည်။
ဗန်းမော်ဆရာတော်က နေရာတကာ တန်းတူညှိလိုသူများအား သင်္ခန်းစာကောင်းတစ်ရပ် ပေးခဲ့ပါလေသတည်း။
ဝီရသူ (မစိုးရိမ်)
28.4.2017
PM-7:12



Share: