အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ဆရာတော်ကြီးများ၏ ဩဝါဒ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဧပြီ ၂၉ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့သည်။
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ရည် ရွယ်ချက်အပါအဝင် ရဟန်းသံ ဃာများ မလုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုများကို လူပုဂ္ဂိုလ်များ ဖြင့် ဆောင်ရွက်ရန် ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း မဘသဦးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
‘‘အမျိုးသားရေးလည်း ပါ တယ်။ ဓမ္မဆိုတဲ့ ခေါင်းစဉ် အောက်မှာ အကုန်ပါတာပေါ့။ အမျိုးသားရေး၊ ပရဟိတ၊ လူမှု ဖွံ့ဖြိုးရေးလုပ်ငန်းပေါ့။ အကုန်ရှိ တာပေါ့။ လိုအပ်ရင် အခြေအနေ အရ လုပ်ငန်းခွင်ခေါ်ဆောင်ရေး အတွက် စက်ချုပ်သင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ အစရှိ သဖြင့်ပေါ့။ အဲဒီလို အစီအစဉ် တွေဆွဲထားတယ်’’ဟု ဓမ္မဝံသာနု ရက္ခိတအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့မှ ကိုအောင်လင်းနိုင်က ပြောသည်။
အဆိုပါ ဓမ္မဝံသာနုရက္ခိတ အဖွဲ့တွင် မဘသ (ဗဟို)မှ ဩဝါ ဒါစရိယဆရာတော်များ ပါဝင် မည်ဖြစ်သော်လည်း လူပုဂ္ဂိုလ် များဖြင့် အဓိကဖွဲ့စည်းခဲ့ပြီး အဖွဲ့ဥက္ကဋ္ဌသည် သာကီသွေးဂျာနယ်နှင့် အောင်ဇေယျတုဂျာနယ်အယ်ဒီတာချုပ် မောင်သွေးချွန် ဖြစ်သည်။
၂၀၁၄ တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အ မည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိတွင် မြို့နယ်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်တို့အကြား ချိတ်ဆက်မှု ပိုမိုအားကောင်းရန် ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ဆို သည်။ ပြန်လည်ဖွဲ့စည်းသည့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ရွာမပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၃၅၀ ကျော်ရှိခဲ့သည်။
