
ဒီနေ့ 30.4.2017 မှာ လောကအင်း ဆရာ ဆရာမများ အစည်းအဝေး ထိုင်ပါတယ်။
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာပါ။ နဝမတန်း အောင်စာရင်းထွက်ထားသော ဆယ်တန်း Fresher ကလေးတွေအတွက် ပြင်ဆင်ခွင့်ရအောင်လို့ပါ။
ဧပြီလ ၂၃ ရက်နေ့ကတည်းက ကျောင်းသားသစ်စာရင်း လက်ခံခဲ့တာပါ။
ဆယ်တန်းအောင်စာရင်း ထွက်ရင်တော့ Repeater သမားတွေ ရောက်လာတတ်ပါတယ်။ အခြေခံပါလာသူတွေကတော့ လောကအလင်းရောက်တာနဲ့ စာမေးပွဲအောင်သွားတော့တာပါပဲ။
ဆရာ ဆရာမ နှစ်ဆယ်ကျော်နဲ့ မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ ညဂိုက်တန်းပါ လုပ်ပေးကြလို့ပါ။ 11.5.2017 ရက်နေ့မှာ ကျောင်းဖွင့်ပါမယ်။ ကိုးတန်းအောင် ဆယ်တန်းအသစ်တွေနဲ့ စတင်ဖွင့်လှစ်ပါမယ်။ ကျောင်းလာအပ်သည့် မိဘများကို ကြည့်လိုက်လျှင် ပန်ရံ လက်သမား လမ်းလုပ်သား စတဲ့ အခြေခံလူတန်းစားတွေပဲ များပါတယ်။
ဆင်းရဲသား မိဘပေါင်း တစ်ရာကျော် ကုန်ကျရမည့် ပညာသင်စာရိတ်ကို စာရေးသူက ဒါနပြုလိုက်တဲ့သဘောထက် ပိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်တွေ ကိုယ်ကျင့်တရားတွေ၊ လိမ္မာရေးခြားရှိမှုတွေအတွက် ပြုစုပျိုးထောင်ပေးကြလို့ပါပဲ။
စာရေးသူရဲ့ငွေကလည်း တရားနာပရိသတ်တွေရဲ့ ဓမ္မပူဇာအလှူငွေတွေပါပဲ။ ခွေးတရားဟောလို့ ရခဲ့တဲ့ငွေတွေ၊ အမျိုးသားရေးတရားဟောလို့ ရတဲ့ငွေတွေ၊ နိုင်ငံရေးတရားဟောခဲ့လို့ ရတဲ့ငွေတွေ၊ ပါးစပ်ပိတ် တိပ်ကပ်ခဲ့လို့ ရခဲ့တဲ့ငွေတွေ အားလုံး ဆင်းရဲသား ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ဆင်းရဲသားပြည်သူတွေရဲ့ အရေးတစ်ခုခုအတွက်ပါပဲ။
အနှောက်အယှက်အခံ၊ အဆဲခံ၊ အတိုက်အခိုက်ခံ၊ အတိုင်အတောခံ၊ တရားစွဲခံပြီး ဟောကြားလို့ ရခဲ့တဲ့ ချွေးနဲစာ စစ်စစ်တွေပါနော်။ တစ်ကိုယ်ရေ တစ်ကာယအတွက် တစ်ပြားမျှ မသုံးစွဲဘူးဆိုတာ (လုံးဝ)လို့ မှတ်လိုက်ပါ။
ဝီရသူ (မစိုးရိမ်)
30.4.2017
PM – 8:08
30.4.2017
PM – 8:08
