'နိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအစည်းအဝေးပွဲကြီးသို့ မြို့နယ် ၀ံသာနုများအနေဖြင့် မဖြစ်မနေတက်ရောက်ကြစေလိုကြောင်း မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ကြီးမှမိန့်ကြား

၁၃၇၉-ခု ကဆုန်လဆန်း ၄ ရက်၊ ၂၉- ၄ -၂၀၁၇၊စနေနေ့ နေ့လည် ၁း၀၀ နာရီ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့ကြီး၏ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးပွဲကြီးသို့
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအတွင်းရှိ မြို့နယ် အသီးသီးမှ ဝံသာနုရက္ခိတ အဖွဲ့ဝင်များအနေဖြင့် တစ်မြို့နယ်လျှင် အဓိက တာဝန်ရှိသူ ၃-ဦးစီ မဖြစ်မနေတက်ရောက်ကြစေလိုကြောင်း

''အစည်းအဝေးက 0nline ကနေဖိတ်တဲ့ အတွက် တစ်ချို့က လိုင်းမသုံးလို့မသိလိုက်ပါဘူး ဆိုပြီးမဖြစ်ရလေအောင် သက်ဆိုင်ရာ မဘသ ဆရာတော်များ၊သိရှိသည့် ဝံသာနုရက္ခိတအဖွဲ့ဝင်များအနေဖြင့် လည်းလက်လှမ်းမှီသလောက် ဖုန်းဖြင့်ဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် အသိပေး အကြောင်းကြားစေလိုကြောင်း '' မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးမှမိန့်ကြားခဲ့ပါသည်။
''မဘသ(ဗဟို)Online Media''
Share: