ဇယဝတီဆရာတော်ကြီး သြဝါဒ

၁၃၇၉ ခု၊ ဦးတန်ခူးလဆုတ် ၁၄ ရက်၊ (25.4.2017) မစိုးရိမ်တို်က်သစ်၊ အဂ္ဂါဘိဓဇ မဟာယနကဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသအား ရည်စူးပူဇော်ပွဲ အခမ်းအနားသို့ ကြွရောက်လာသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို လိုက်လံဖူးမြော် ပူဇော်ခဲ့ပါတယ်။
မိုးကောင်းကျောင်းတိုက်၊ ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ (သ.စ.အ၊ ဝဋံသကာ)က စာရေးသူအား သြဝါဒပေးပါတယ်။
အခုလိုတွေ့ရတာ ဝမ်းသာတယ်။ စကားပြောချင်နေတာနဲ့ အတော်ပဲ။ တရားဟောတဲ့အခါလည်း ထည့်ဟောပါ။ တစ်ဘဝ တစ်နပ်စာအတွက် သူများနဲ့ လက်ထပ်တဲ့သူတွေ စဉ်းစားကြပါ။ သူများတွေက သံသရာဆိုတာ ရှိတာမဟုတ်ဘူး။ အဲလို သံသရာမယုံကြည်တဲ့သူတွေနဲ့ လက်ထပ်ကြတော့ သံသရာတစ်လျှောက်လုံး နစ်မွန်းနိုင်တာပေါ့။ တစ်ဘဝ တစ်နပ်တည်းကိုပဲ မကြည့်ပါနဲ့။ မိမိတို့ရဲ့ မျိုးဆက်တွေကအစ အကုန်လုံး နစ်မွန်းကုန်ကြပါလိမ့်မယ်။ စသည်ဖြင့် မိန့်တော်မူပါတယ်။ စာထဲလည်း ထည့်ရေးပါမယ်။ တရားထဲလည်း ထည့်ဟောပါမယ်ဘုရား ဟု ပြန်လည်လျှောက်ထားခဲ့ပါတယ်။



Share: