31.3.2017 ရက်နေ့ တရားပွဲလေးပါ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၃)ရပ်ကွက်လုံးဆိုင်ရာ အာစိဏ္ဏကံအလှူရှင်များ၏ ဒုတိယအကြိမ် ဓမ္မပူဇာတရားပွဲလေးပါ။ ဒဂုံမြို့်သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၃)ရပ်ကွက် အတုလအောင်ဇေယျုံ ဆုတောင်းပြည့်စေတီတော် ပရိဝုဏ်အတွင်းမှာ ကျင်းပပါတယ်။
တောင်ဒဂုံမြို့နယ် ဝံသာနုရက္ခိတအဖွဲ့ ဦးစီးကျင်းပတာပါ။ ငါးညတိုင်တိုင် ကျင်းပတဲ့ ဓမ္မသဘင်မှာ စာရေးသူက လေးညမြောက်ပါ။ တရားပွဲစီစဉ်သူ ကိုအောင်က စာရေးသူ မော်စကိုမရောက်ခင်ကတည်းက စာရေးသူဟောတဲ့ တရားတွေနဲ့ စာရေးသူရေးတဲ့ စာအုပ်တွေကို ဖတ်ဖူးထားသူပါ။
အခုပွဲမှာ ပွဲမိန့်ချပြီးမှ ပြန်အရုပ်ခံထားရတဲ့အကြောင်း စာရေးသူကို တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ထားတဲ့အကြောင်းတွေကို သိရှိကြောင်း ရပ်ကွက်ရုံးမှာ ခေါ်ယူသတိပေး ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း (၅၃)ရပ်ကွက်နေ ငှက်ဆိုးတစ်သိုက်က လိုက်လံနှောက်ယှက်ကြကြောင်း စာရေးသူအား လျှောက်ထားပါတယ်။
လိုက်လံနှောက်ယှက်သူ ငှက်ဆိုးတစ်သိုက်ဟာ မဟန ကြေညာချက်နှင့် စာရေးသူပုံကို ကြက်ခြေခတ်ထားပုံ ဗီနိုင်းများ လိုက်ကပ်ပြီး တရားပွဲမဖြစ်မြောက်အောင် ကန့်ကွက်ကြောင်း လက်မှတ်တွေလိုက်ကောက်ကာ အလိုတူအလိုပါ မီဒီယာအချို့နှင့် ပူးပေါင်းကြံစည်လျက် မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး ဓမ္မန္တရာယ်ထိုက်အောင် မတရားပြုကျင့်တာပါ။
သတင်းဌာနတွေကို သတင်းပေးတဲ့အခါ လက်မှတ်ပေါင်း ၃၀၀ ပြောလိုက်၊ ၂၀၀ ပြောလိုက်၊ ၁၅၀ ပြောလိုက်နဲ့ တကယ်တန်း ကောက်ခံရရှိတဲ့လက်မှတ်က ၈ ဦးတည်း ဖြစ်နေပါတယ်။ အဲဒီ ၈ ဦးထဲမှာလည်း သူတို့လင်မယားက နှစ်ယောက် ကြံရာပါ လင်မယားက နှစ်ယောက် ပါဝင်နေပါတယ်။
တရားပွဲကျင်းပတဲ့အခါလည်း ငှက်ဆိုးမများလွှတ်ပြီး ပွဲပျက်အောင် နှောက်ယှက်ပါသေးတယ်။ တရားပွဲစောင့်ရှောက်သူများက အကင်းပါးလို့သာ သူတို့အကြံမအောင်မြင်ခဲ့တာပါ။ တရားပွဲပြီးလို့ အပြန်မှာလည်း ခြုံခိုတိုက်ခိုက်မယ်၊ ယာဉ်တန်းကို ဖျက်ဆီးမယ် ဆိုတဲ့ ကောလာဟလတွေ လွှင့်ကြပါသေးတယ်။
အခက်အခဲတွေကြားထဲက ကျင်းပပြီးသွားခဲ့တဲ့ ဒီတရားပွဲကတော့ ရန်ကုန်မြို့ရဲ့ မှတ်တိုင်လေးတစ်ခုပါပဲ။ တရားမဟောခင် ဓမ္မာရုံမှာ ခဏနားပါတယ်။ နဝကမ္မများအတွက် အလှူငွေများ လှူဒါန်းကြပါတယ်။ ပြီးမှ ဓမ္မာသနပလ္လင်ပေါ်ကြွပါတယ်။
တာမွေ မဘသ အတွင်းရေးမှူး အမျိုးသားရေးဆရာတော် ညီတော်မောင် အရှင်ဝဏ္ဏိတ က သီလပေး ရေစက်ချ အနုမောဒနာတရား ဟောပါတယ်။
MNN မှ ကိုဝင်းကိုကိုလတ်က စာရေးသူရဲ့ ထေရုပ္ပတ္တိကို ဖတ်ကြားပါတယ်။ စာရေးသူရဲ့ တရားကတော့ ကရုဏာစေတောဝိမုတ္တိ (လွတ်မြောက်ရာ ကရုဏာတရားတော်) အလုပ်ပေးတရားပါ။ ညီတော်မောင် အရှင်ဝဏ္ဏိတဟောကြားတဲ့ အနုမောဒနာတရားလေးက တိုပေမယ့် တရားနာပရိသတ်များ နှစ်ခြိုက် ကြည်ညိုသွားကြပါတယ်။
သာသနာ့တန်ဖိုး သိပါစေ တရားတော်ပါ။ ငါးကျပ်သား ရွှေဆွဲကြိုးကြီး ဆင်ထားပေးပေမယ့် ခွေးမကြီးမှာ ရွှေဆွဲကြိုးတန်ဖိုး မသိသောကြောင့် ကုလားတောင်းလည်း ပေးမှာပဲ၊ တရုတ်တောင်းလည်း ပေးမှာပဲ၊ ဘယ်သူတောင်းတောင်း ပေးမှာပဲ။
ရွှေဆွဲကြိုးတန်ဖိုးသိတဲ့ အမျိုးသမီးတွေမှာတော့ ဘယ်သွားသွား ဘယ်လာလာ ဘယ်မှာပဲနေနေ ရွှေဆွဲကြိုး မပျောက်ပျက်အောင် ဂရုစိုက် စောင့်ရှောက်မှာပါပဲ ဟု ဥပမာပေး ဟောကြားသွားတာပါ။ ညီတော်မောင်ဟောကြားတဲ့ တရားတော်ကြောင့် သာသနာ့တန်ဖိုးမသိသော ခွေးမကြီးတရား နာမည်ကြီးသွားပါတယ်။
ညီတော်မောင်လည်း အမျိုးသားရေးဆရာတော်အဖြစ်မှ ခွေးမကြီးဆရာတော်အဖြစ်သို့ နာမည်ကြီးသွားပါတယ်။ ဒီကနေ့ပွဲကို တောင်ဒဂုံ မဘသ၊ ဝံသာနုနှင့် ရန်ကုန်အနီးတစ်ဝိုက်မှ အမျိုးသားရေးအင်အားစုများ ဝိုင်းဝန်းစောင့်ရှောက်ကြပါတယ်။
တောင်ဒဂုံမြို့နယ်အတွင်း လှည့်လည်ပူဇော်မှုများ ပြုလုပ်ကြပါသေးတယ်။ စာရေးသူအား ပလ္လင်ပေါ်ပင့်ဆောင်လျက် စတုလောကပါလ နတ်မင်းကြီးလေးပါး ခြံရံကာ တောင်ဒဂုံ နိကာယ်စာသင်တိုက်မှ မြို့ထဲ လှည့်လည်ပူဇော်ကြပါတယ်။ ဆင်အကနှင့် ပူဇော်တဲ့အပြင် အမျိုးသားရေးတေးသံရှင် အဆိုတော်လင်းထိုက်က အမျိုးသားရေးတေးသီချင်းများဖြင့် လမ်းတစ်လျှောက် သီဆိုပူဇော်ပေးပါတယ်။
ဒီကနေ့ပွဲကတော့ မဘသ (ဗဟို) ဒုတိယဥက္ကဋ္ဌ ရွှေရတုတိပိဋက မော်ကျွန်းဆရာတော်နှင့် ရဟန်းရှင်လူ ပြည်သူများ ဖေးမကူညီ အားပေးစောင့်ရှောက်မှုကြောင့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ထူးမြတ်သော တရားကြီးတစ်ခုပါပဲ။
ရင်ခုန်ကြသူတွေလည်း ရှိရဲ့။
ငိုရှိုက်သူတွေလည်း ရှိရဲ့။
မျိုသိပ်သူတွေလည်း ရှိရဲ့။
တစ်ကမ္ဘာလုံး ကြည့်ရှုခံစားရင်း ဣဋ္ဌလောကဓံရော အနိဋ္ဌလောကဓံကိုပါ ချစ်သူ/မုန်းသူတွေထံမှ ရရှိခံစားခဲ့ရပါတယ်။ အရပ်သားအစိုးရနဲ့ ပလာစတာ ဓမ္မသဘင်တွေကတော့ အင်မတန် ပနံတင့်လျက် ရှိပါကြောင်း။ ။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာကို တသွေမတိမ်း လိုက်နာတဲ့အနေနဲ့ တစ်ခွန်းမှ မဟောတဲ့အပြင် ချောင်းမဟန့် နှာမချေဘဲ အကြည်ညိုခံ အပူဇော်ခံသက်သက် ကျင်းပနေတာကိုတောင်မှ ငှက်ဆိုးတွေက အငြိုးထားကာ အမျိုးမျိုး ဖိအားပေးနေတာကို တွေ့မြင်ကြားသိနေရပါတယ်။
အဲဒါမျိုးကျ လုပ်ကောင်းကြတယ်ပေါ့နော်........။)
ဝီရသူ (မစိုးရိမ်)20.4.2017
7:45 PM


