"မုဒိတာရပ်ဝန်း" (နဝကမ္မနှင့် မန်း မဟော်သဓာအလှူတော်)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ်၊ ဆရပ်ကွက်၊ ၅၅ လမ်း၊ အေးမေတ္တာလမ်းနှင့် ဗန္ဓုလလမ်းကြားနေ ကိုနိုင်နိုင်အောင်+မဖြူဖြူအောင် မိသားစုက မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေ ၁၀၀၀၀၀၀ိ/ (ဆယ်သိန်းကျပ်)၊ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ နဝကမ္မအလှူငွေ ၅၀၀၀၀၀ိ/ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။ (21.4.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။ 
ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၀,၃၈၅,၅၀၀
စုစုပေါင်း - ၁၆၇,၀၈၅,၅၀၀ (တစ်ထောင့်ခြောက်ရာ့ခုနစ်ဆယ်သိန်း ရှစ်သောင်းငါးထောင့်ငါးရာကျပ်) ရရှိပြီဖြစ်သည်။
အလှူရှင် မိသားစုနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသား များအတွက် နဂါးနီစုဘူးအသင်း တည်ထောင်၍လည်းကောင်း၊ လူမျိုးခြား ဘာသာခြားတို့ထံ၌ ဆန္ဒမရှိဘဲအလုပ်လုပ်နေရသော မိန်းကလေးများ၊ ကလေးသူငယ်များအတွက် မြန်မာလုပ်သားကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊ အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် ဖြန့်ချိလျက်လည်းကောင်း၊ မဟာဝီရ ရသစုံ မဂ္ဂဇင်းထုတ် ဝေလျက်လည်းကောင်း၊ အခြားသော ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်သယ်ပိုးလျက်ရှိပါသည်။



Share: