မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မဘသအဖွဲ့၏ (၄)နှစ်ပြည့် နှစ်ပတ်လည်ညီလာခံ အခမ်းအနားကို ၁၃၇၈-ခု တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် အမျိုးသားနေ့ (24-11-2016)ရက် နေ့(၁၂း၀၀)မှာ ဝေယံဘုံသာကျောင်း သုံးထပ်ကျောင်းဆောင်ပေါ်၌ ခမ်းနားစွာ ကျင်းပပါတယ်။
မဘသ(ဗဟို)ဦးဆောင် ရှင်မတောင်ဆရာတော်၊ မန်းမဘသအဖွဲ့၊ ဝမ်းတွင်း၊ မြင်းခြံ၊ မလှိုင်၊ ပုဂံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်တို့မှ မဘသ ဆရာတော်များ၊ MR TV 4 ဆရာတော် ဦးကဉ္စနောဘာသ၊ ရန်ကုန်နှင့် မန္တလေးတို့မှ မျိုးချစ်သမဂ္ဂအဖွဲ့သံဃာတော်များ၊ စုစုပေါင်းအပါး(၁၀၀)ကျော်နှင့် မိတ္ထီလာ၊နေပြည်တော် စသော အနယ်နယ် အရပ်ရပ်မှ အမျိုးသားလုံခြုံရေးကွန်ရက်အဖွဲ့များ၊ အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ကြပါတယ်။ မဘသ(ဗဟို)ဦးဆောင်နှင့် အထက်မြန်မာပြည် မဘသ ဦးဆောင် ဆရာတော်များဖြစ်သော ဆရာတော်ဦးဝီရသူ၊ ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသတို့ကတော့ အဘိဝံသ ပူဇော်ပွဲရှိနေ၍ မတက်ရောက်နိုင်ကြသော်လည်း သဝဏ်လွှာများပေးပို့ အားဖြည့်ပေးကြပါတယ်။ အနယ်နယ် အရပ်ရပ်မှ အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများ အစုံအလင်နှင့် အကုန်အစင် တက်ရောက်သော အခမ်းအနားဖြစ်ပါတယ်။
အစီအစဉ်(၁၃)ရပ်နှင့် ကျင်းပခဲ့ပြီး ရှင်မတောင်ဆရာတော်၊ မိတ္ထီလာ မဘသဥက္ကဋ္ဌ ဆရာတော်၊ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော် ဦးကုသလ၊ပျော်ဘွယ် မဘသ ဥက္ကဋ္ဌ၊ ရမည်းသင်းမဘသဥက္ကဋ္ဌ၊ MR TV4 ဦးကဉ္စနောဘာသတို့က သြဝါဒကထာများ မြွက်ကြားခြင်း အမျိုး ဘာသာ သာသနာအရေးများ ဆွေးနွေးဟောပြောခြင်း တို့ပြုလုပ်ပါတယ်။
မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ကြီး၏ သဝဏ်လွှာကို ရမည်းသင်း မဘသ တွဲဘက်အတွင်းရေးမှူး ဦးကုမာရကဖတ် ကြားခြင်း၊ ဆရာတော် ဦးဝီရသူ ပေးပို့သောသဝဏ်လွှာကို မလှိုင် မဘသ ဒုဥက္ကဋ္ဌ ဆရာတော်မှ ဖတ်ကြားခြင်း၊ ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ ပေးပို့သောသဝဏ်လွှာကို မန်း မဘသ ဒုဥက္ကဋ္ဌ ဆရာတော်မှဖတ်ကြားခြင်း၊ ရန်ကုန် မျိုးချစ်သမဂ္ဂအဖွဲ့မှ ပေးပို့သော သဝဏ်လွှာကို အတွင်းရေးမှူး ဦးသုစိတ္တမှ ဖတ်ကြားခြင်း၊ မန္တလေးမျိုးချစ်သမဂ္ဂအဖွဲ့မှ သဝဏ်လွှာကိုဒုဥက္ကဋ္ဌမှ ဖတ်ကြားခြင်း၊ပရိသတ်များက ဇာတိမာန်တေးသီချင်းကို သံပြိုင်သီဆိုခြင်း၊ မိတ္ထီလာ မဘသအဖွဲ့၏ နှစ်ပတ်လည် ဆောင်ရွက်များကို မိတ္ထီလာ မဘသ အတွင်းရေးမှူး တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇမှ အတိုချုံး၍ မိန့်ကြားခြင်း၊ မိတ္ထီလာ လူပုဂ္ဂိုလ်များဆိုင်ရာ မဘသအဖွဲ့မှ ဦးဇော်ဝင်းက မဘသ၏ လုပ်ဆောင်ချက်များ၊အခက်အခဲများကို တင်ပြလျှောက်ထားခြင်း မန်း မဘသ မှ ဦးရာဇဓမ္မက အမျိုး ဘာသာ သာသနာ သစ္စာအဓိဌာန်(၃)ချက်တို့ကို တိုင်ပေးကာ အခမ်းအနားကို ညနေ(4:00)မှာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် သံပြိုင်အဓိဋ္ဌာန်ရွတ်ဆိုကာ အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
မိတ္ထီလာဒေသသည် ၂၀၁၃-ခု မတ်လ ၂၀ ရက်က ယဉ်ကျေးလိမ္မာစာအုပ်များ ဝယ်ရန်လာသော ဆရာတော် ဦးသောဘိတကို မွတ်စလင်အကြမ်းဖက်သမားများက ဗလီထဲဆွဲသွင်းကာ လည်လှီးပြီး ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်ရာ ဒေသဖြစ်၍ အမျိုးသားရေး အမြဲတမ်းသွေးနွေးနေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ထီလာမဘသ အစဉ်အလာလှပ၊
လေးနှစ်ပြည့်ခဲ့ပြီ။
ဆရာတော်များ စုံလင်စွာ၊ဒကာ ဒကာမများ ညီညီညာ၊
ပါဝင်ကာ အတူလက်တွဲ၊
ရှေ့သို့ချီမယ့် သည်အောင်ပွဲ။
လေးနှစ်ပြည့်ခဲ့ပြီ။
ဆရာတော်များ စုံလင်စွာ၊ဒကာ ဒကာမများ ညီညီညာ၊
ပါဝင်ကာ အတူလက်တွဲ၊
ရှေ့သို့ချီမယ့် သည်အောင်ပွဲ။
မင်းကျောင်း အရှင်စန္ဒောဘာသ ရမည်းသင်း


