အမေရိကန်သူမလေး လာရောက်ဆွေးနွေး

26.11.2016 မွန်းလွဲပိုင်းမှာ ဓမ္မသဟာယကျောင်းသို့ လာရောက်မေးလျှောက်ပါတယ်။ နာမည် Ms.Melyn ပါ။ မြန်မာလို မလင်းလင်းလို့ ခေါ်ကြပါတယ်။
မန္တလေး ဖောင်တော်ဦး ပရဟိတကျောင်းမှာ ကုသိုလ်ဖြစ် ပါရမီဖြည့်ဆည်းနေသူလေးပါ။ ဘွဲ့ယူစာတမ်းအတွက် သုတေသနပြုနေခြင်း ဖြစ်ပါတယ်။
ဘာသာတရားနှင့် အမျိုးသမီးများ အခန်းကဏ္ဍအတွက် စာရေးသူရဲ့ အမြင်ကိုသိချင်လို့လာတာပါ။ ဖောင်တော်ဦးကျောင်းက ဦးနန္ဒာသီရိ ဘာသာပြန်ပေးပါတယ်။
ရန်ကုန်မှာရှိတဲ့ သီလရှင်တစ်ပါးပါးကို ဆက်သွယ်ပေးပါဆိုလို့ ခေတ်ပညာတတ် သီလရှင်ဆရာလေးတစ်ပါးနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။ သီလရှင်များနဲ့ ပတ်သက်တဲ့အခန်းကဏ္ဍကို အသေးစိတ်ပြောပေးလိုက်ပါတယ်။
Share: