ဒီဇင်ဘာလ (၂၅)ရက်နေ့မှာကျင်းပမည့် ကျောက်ဆည်မြို့ အထက(၁) အငြိမ်းစား ဆရာ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအတွက် စာရေးသူရဲ့ အလှူဒါနပါ။
အပူဇော်ခံ ဆရာ ဆရာမ(၁၃၀)ရှိပါတယ်။ အဲဒီထဲမှာ စာရေးသူရဲ့ ကျေးဇူးရှင် ဆရာဆရာမ (၁၇)ဦးပါဝင်ပါတယ်။
လက်ရှိကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန်းစိန်နှင့် ကျေးဇူးရှင် ဆရာဆရာမ(၁၇)ဦးအား ဆန် တစ်အိတ်စီ၊ ဆီနှစ်ပိဿာဝင် တစ်ပုံးစီနှင့် ဆရာဆရာမအားလုံးအား အလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်)စီ၊ တရားတစ်ခွေစီ၊ စာအုပ်နှစ်အုပ်စီ လှူဒါန်းပါတယ်။
စုစုပေါင်း တန်ဘိုး ၃၄သိန်းကျပ်ခန့် ရှိပါတယ်။ ပြီးခဲ့တဲ့ န၀မ ကြိမ်မြောက် အာစရိယပူဇော်ပွဲမှာ စာရေးသူ တက်ရောက်နိုင်ခဲ့ပေမဲ့ ယခု ဒသမအကြိမ်မှာတော့ အခြားပွဲနဲ့ တိုက်နေလို့ မသွားဖြစ်တော့ပါဘူး။ ဆရာဆရာမတွေရဲ့ ဂုဏ်ကျေးဇူးတွေကိုတော့ အောက်မေ့သတိရနေမှာပါ။ အာစရိယပူဇော်ပွဲ ဦးဆောင်ကျင်းပသော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
ဆရာဆရာမအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကာ မိမိတို့ရဲ့ ဘ၀နောက်ဆုံးအချိန်ကို တရားဘာဝနာများဖြင့် ဖြတ်သန်းနိုင်ပါစေ။


